back

ရန်ကုန်မြို့၊ တာမွေမီးပွိုင့်တွင် ယာဉ် (၁၀)စီး ကျော် ဆင့်တိုက်မှုဖြစ်ပွားခဲ့

Mar 06 • 3:12 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်မြို့၊ တာမွေမီးပွိုင့်တွင် ယာဉ် (၁၀)စီး ကျော် ဆင့်တိုက်မှုဖြစ်ပွားခဲ့

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ တာမွေမီးပွိုင့်အနီးရှိ ရွှေဗဟိုဆေးရုံရှေ့တွင် မတ်လ ၅ ရက်နေ့လယ်ပိုင်းက ယာဉ် ၁၃ စီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ...

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ တာမွေမီးပွိုင့်အနီးရှိ ရွှေဗဟိုဆေးရုံရှေ့တွင် မတ်လ ၅ ရက်နေ့လယ်ပိုင်းက ယာဉ် ၁၃ စီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ကြက်ဘဲဈေးဘက်မှ တာမွေအဝိုင်းဘက်သို့ မောင်းနှင်လာသော YBS 144 ယာဉ်သည် ဘရိတ်ပေါက်ကာ မီးပွိုင့်စောင့်ဆိုင်းနေသည့် ယာဉ်များကို ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။ အဆိုပါယာဉ်တိုက်မှုကြောင့် ကား ၁၀ စီးကျော် ပျက်စီးသွားခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် လူထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှု မရှိခဲ့ကြောင်း မေတ္တာညွန့်လူမှုကူညီရေးအသင်းနှင့် ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

news-view-count-icon

35