မြန်မာနိုင်ငံတွင် နိုင်ငံတော်သို့ အခွန်ပေးဆောင်ထားသည့် ဖုန်းများကိုသာ စံချိန်စံညွှန်းမီစွာ အသုံးပြုနိုင်ရန်အတွက် ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (CEIR) ကို မတ်လ ပထမပတ်ဖြစ်သည့် ယနေ့မှစတင်ကာ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။ ဤစနစ်သည် ပြည်ပမှ လမ်းကြောင်းပေါင်းစုံဖြင့် ဝင်ရောက်နေသော တရားမဝင်ဖုန်းများကို တားဆီးရန်၊ အခွန်နစ်နာမှုများကို ကာကွယ်ရန်နှင့် ဆင်းကတ်များစွာအသုံးပြု၍ ကျူးလွန်နေသော အွန်လိုင်းလိမ်လည်မှုများကို ထိန်းချုပ်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဖုန်းအရောင်းဆိုင်ပိုင်ရှင်များက သုံးသပ်ကြသည်။ လက်ရှိအသုံးပြုနေသည့် ဖုန်းများကို အခွန်ထပ်ပေးရန်မလိုဘဲ ခွင့်ပြုစာရင်းထဲသို့ အလိုအလျောက် ထည့်သွင်းပေးမည်ဖြစ်သော်လည်း မတ် ၃၁ ရက်ထက် နောက်မကျဘဲ ဆင်းကတ်ထည့်သွင်း အသုံးပြုထားရန် လိုအပ်မည်ဖြစ်သည်။ ဧပြီ ၁ ရက်နောက်ပိုင်း အခွန်မဆောင်ထားသော ဖုန်းများကို ရက်ပေါင်း ၃၀ သာ ယာယီသုံးခွင့်ပေးမည်ဖြစ်ပြီး၊ အသေးစိတ်အချက်အလက်များကို CEIR ဝက်ဘ်ဆိုက်နှင့် Call Center နံပါတ် ၁၅၇၇၊ ၁၇၅၅ တို့တွင် စုံစမ်းနိုင်ကြောင်း သိရသည်
Mar 06 • 3:11 AM
Myanmar
Local
Share
| 41 | 0 | 0 | 0 |


