ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် ဆီပြတ်လပ်မည်ကိုစိုးရိမ်ကာ အလုအယှက် ဝယ်ယူစုဆောင်းရာမှ ဈေးနှုန်းမြှင့်တက်လာခြင်းဖြစ်သည်။"အရင်က ဓာတ်ဆီတစ်လီတာ ၂,၆၀၀ ပဲရှိတာလေ၊ မနေ့က ၅,၀၀၀ ထိဈေးတက်လာတယ်၊ ဒီမနက်ကျတော့ ၈,၀၀၀ ဖြစ်သွားပြီ။ တချို့ဆိုင်တွေဆို ဝယ်လို့တောင် မရတော့ဘူး။ စက်နဲ့ပတ်သက်တဲ့ဟာ အကုန်ဈေးတက်လာတာ" ဟု ရွာငံဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။စက်သုံးဆီဈေး အဆမတန် မြှင့်တက်လာခြင်းကြောင့် တစ်နေ့လုပ်မှ တစ်နေ့စားရသည့် အခြေခံလူတန်းစားများနှင့် ကျောင်းသားမိဘများမှာ အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရသည်။



