back

ထိုင်းအစိုးရက ဒီနေ့ကစတင်ကာ တက္ကစီ ၊ Grab နဲ့ မော်တော်ဆိုင်ကယ် တက္ကစီတွေ ဈေးမတက်ရလို့ အမိန့်ထုတ်

Mar 05 • 6:52 AM

breaking-news

Thailand

Local News

cover

ထိုင်းအစိုးရက ဒီနေ့ကစတင်ကာ တက္ကစီ ၊ Grab နဲ့ မော်တော်ဆိုင်ကယ် တက္ကစီတွေ ဈေးမတက်ရလို့ အမိန့်ထုတ်

ကမ္ဘာ့ရေနံစိမ်းဈေးတွေ တက်နေပေမယ့် ခရီးသည်တွေအတွက်တော့ သတင်းကောင်းပါပဲ။ ထိုင်း ဒုတိယဝန်ကြီးချုပ်နဲ့ ပို့ဆောင်ရေးဝန်ကြီး Phiphat Ratchakitprakarn က တက္ကစီ၊ ride-h...

ကမ္ဘာ့ရေနံစိမ်းဈေးတွေ တက်နေပေမယ့် ခရီးသည်တွေအတွက်တော့ သတင်းကောင်းပါပဲ။ ထိုင်း ဒုတိယဝန်ကြီးချုပ်နဲ့ ပို့ဆောင်ရေးဝန်ကြီး Phiphat Ratchakitprakarn က တက္ကစီ၊ ride-hailing (ဥပမာ- Grab) နဲ့ ဆိုင်ကယ်ကယ်ရီတွေ အပါအဝင် အများပြည်သူသုံး ယာဉ်စီးခတွေ ဒီနေ့ မတ်လ ၅ ရက် ကစတင်ကာ တိုးမကောက်ရဘူးလို့ အမိန့်ထုတ်လိုက်ပါတယ်။ ဒီအချိန်မှာ အခွင့်ကောင်းယူပြီး ဈေးတင်ကောက်တဲ့ ဘယ်လိုလုပ်ငန်းရှင်ကိုမဆို ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့လည်း သတိပေးထားပါတယ်။ကမ္ဘာ့ရေနံဈေးတွေ မြင့်တက်နေတဲ့ အခုလို အခြေအနေမျိုးမှာ ပြည်တွင်းက ကုန်ဈေးနှုန်းတွေ လိုက်မတက်အောင် ရေနံရန်ပုံငွေ (Oil Fund) ကို သုံးသွားမယ်လို့ ဝန်ကြီးက မတ်လ ၄ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။ ဝန်ကြီးချုပ်အနေနဲ့ လောင်စာဆီဈေးကို ဆက်ပြီး ထိန်းချုပ်ထားသရွေ့ ပြည်သူတွေရဲ့ ခရီးသွားစရိတ်တွေကိုလည်း အဲဒီရန်ပုံငွေရဲ့ အကူအညီနဲ့ ဆက်လက်ထိန်းချုပ်ထားနိုင်တယ်လို့ သူက ရှင်းပြပါတယ်။လက်ရှိမှာ လောင်စာဆီဈေးကို ၁၅ ရက်ကြာ ထိန်းချုပ်ထားမယ့် အစီအစဉ်ရှိပြီး အဲဒီ ၁၅ ရက် ပြည့်သွားရင်တောင် စိုးရိမ်စရာ မလိုဘူးလို့ ဝန်ကြီးက အာမခံထားပါတယ်။ အခြေအနေတွေပေါ် မူတည်ပြီး ရေနံရန်ပုံငွေရဲ့ ပံ့ပိုးမှုနဲ့အတူ ဒီကန့်သတ်ချက်ကို ဆက်ပြီး သက်တမ်းတိုးသွားနိုင်တယ်လို့ သိရပါတယ်။


news-view-count-icon

11