ထိုင်းနိုင်ငံ၊ Thammasat တက္ကသိုလ် Rangsit မှာ ကျောင်းသားတွေကြား ရေကျောက်ရောဂါ ပျံ့နှံ့ကူးစက်နေလို့ လက်ရှိ ဘွဲ့ကြို သင်တန်းတွေအားလုံးကို အွန်လ်ိုင်းကနေ ပြောင်းလဲသင်ကြားနေပါတယ်။ရေကျောက်ရောဂါ ကူးစက်မှုကြောင့် ဌာနနှစ်ခု ပိတ်ထားရပြီး မတ်လ ၃ ရက်ကနေ ၆ ရက်အထိ အွန်လိုင်းကနေ စာသင်ကြမှာပါ။ ရောဂါကူးစက်တာက ဖေဖော်ဝါရီလ ၁၃-၁၆ မှာလုပ်ခဲ့တဲ့ ကျောင်းသားစခန်းချပွဲကနေလို့ ဆရာဝန်တွေက သံသယရှိနေပြီး အဲ့နေ့တုန်းက ကျောင်းသားတစ်ဦး ရောဂါ လက္ခဏာပြလို့ အိမ်ပြန်လွှတ်ခဲ့တယ်လို့ဆိုပါတယ်။ အဲ့နောက်ပိုင်းကနေစပြီး အခု မတ်အထိ ကျောင်းသား ၂၃ ဦး ကူးစက်ထားသလို ကုသမှုပေးနေရတဲ့အတွက် ကျန်းမာရေး တာဝန်ရှိသူတွေနဲ့ ကျွမ်းကျင်သူတွေ ပါလာတာပါ။ ၂၀၂၆ နှစ်စကစပြီး ဒီနေ့အထိ ထိုင်းမှာ ရေကျောက်ကူးသူ ၁၀,၀၀၀ ကျော်ရှိပြီး စိုးရိမ်စရာတော့မရှိသေးဘူးလို့ တာဝန်ရှိသူတွေကပြောပါတယ်။



