back

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၌ ဟိန္ဒူဘာသာဝင်‌တွေရဲ့ နွေဦးရာသီ ရောင်စုံပွဲတော် ကျင်းပနေ

Mar 05 • 3:03 AM

breaking-news

Myanmar

Rakhine

cover

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၌ ဟိန္ဒူဘာသာဝင်‌တွေရဲ့ နွေဦးရာသီ ရောင်စုံပွဲတော် ကျင်းပနေ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်အတွင်း ဟိန္ဒူဘာသာဝင်တွေရဲ့ နွေဦးရာသီရောင်စုံပွဲတော်တခုဖြစ်တဲ့ ဟိုလီပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆ...

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်အတွင်း ဟိန္ဒူဘာသာဝင်တွေရဲ့ နွေဦးရာသီရောင်စုံပွဲတော်တခုဖြစ်တဲ့ ဟိုလီပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။အဲဒီပွဲတော်ကို မြောက်ဦးခရိုင်အတွင်းတစ်နေရာမှာ မတ်လ ၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ သုံးရက်တိုင်တိုင်ပြုလုပ်ခဲ့တာ်လို့ ဒေသခံ ပွဲကြည့်ပရိသတ်တွေက ဆိုကြပါတယ်။ဒေသခံတစ်ယောက်က "သူတို့ရဲ့ ဒီပွဲဟိုလီပွဲက နွေဦးရာသီ ရောင်စုံပွဲတော်လို့လည်း ပြောကြတယ်။ ‌တစ်ယောက်ကို တစ်ယောက် အရောင်မှုန့်တွေနဲ့ ပျော်ပျော်ပါးပါး လိုက်လူးကြတာတွေလည်း တွေ့ရတယ်။ ရေတွေနဲ့ ဖျန်းကြတယ်"လို့ ပြောပါတယ်။ဒီပွဲတော်ကို ဟိန္ဒူဘာသာဝင်တွေက နှစ်စဉ်နှစ်တိုင်း မတ်လရောက်တိုင်း ကျင်းပလေ့ရှိတဲ့ပွဲတော်ဖြစ်ပါတယ်။

news-view-count-icon

18