back

မြန်မာ က ရုရှားကို ကျော်တက်ပြီး ထိုင်းမှာ ဒုတိယ ကွန်ဒို ဝယ်ယူမှု အများဆုံးဖြစ်

Mar 05 • 1:39 AM

breaking-news

Thailand

Local News

cover

မြန်မာ က ရုရှားကို ကျော်တက်ပြီး ထိုင်းမှာ ဒုတိယ ကွန်ဒို ဝယ်ယူမှု အများဆုံးဖြစ်

ထိုင်းနိုင်ငံရဲ့ ကွန်ဒိုဈေးကွက်မှာ နိုင်ငံခြားသားဝယ်ယူသူတွေက အဓိကနေရာမှာ ဆက်ရှိနေပြီး ၂၀၂၅ ခုနှစ်မှာ မြန်မာနိုင်ငံသားတွေရဲ့ ဝယ်ယူမှုက အများဆုံးတိုးတက်လာကာ ဒုတိယ...

ထိုင်းနိုင်ငံရဲ့ ကွန်ဒိုဈေးကွက်မှာ နိုင်ငံခြားသားဝယ်ယူသူတွေက အဓိကနေရာမှာ ဆက်ရှိနေပြီး ၂၀၂၅ ခုနှစ်မှာ မြန်မာနိုင်ငံသားတွေရဲ့ ဝယ်ယူမှုက အများဆုံးတိုးတက်လာကာ ဒုတိယနေရာကို ရောက်ရှိလာပါတယ်။စာရင်းတွေအရ မြန်မာနိုင်ငံသားတွေဟာ ကွန်ဒိုအခန်းပေါင်း ၁,၉၆၈ ခန်းအထိ ဝယ်ယူခဲ့ကြပြီး ယခင်နှစ်ကထက် ၄၁ ဒသမ ၈ ရာခိုင်နှုန်းအထိ အံ့အားသင့်ဖွယ် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ဝယ်ယူမှုတန်ဖိုးအနေနဲ့ ဘတ် ၆ ဒသမ ၁၆ ဘီလီယံရှိခဲ့ပြီး ဘန်ကောက်၊ စမွတ်ပရာကန်နဲ့ ချင်းမိုင်မြို့တွေမှာ အများဆုံး ဝယ်ယူခဲ့ကြတာကို တွေ့ရပါတယ်။တရုတ်နိုင်ငံသားတွေကတော့ ဝယ်ယူမှု ကျဆင်းသွားပေမယ့် အခန်းပေါင်း ၄,၉၄၀ နဲ့ ထိပ်ဆုံးနေရာမှာ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံက ငွေကြေးစီးထွက်မှု ထိန်းချုပ်တာတွေနဲ့ ထိုင်းနိုင်ငံရဲ့ တရားမဝင်ငွေမည်း နှိမ်နင်းမှုတွေကြောင့် တရုတ်ဝယ်ယူသူ အရေအတွက် ကျဆင်းသွားတာဖြစ်နိုင်တယ်လို့ အိမ်ခြံမြေ သတင်းအချက်အလက်စင်တာ (REIC) က ခန့်မှန်းထားပါတယ်။

news-view-count-icon

16