ရှမ်းပြည်နယ်၊ ကျောက်မဲမြို့ကိုဗဟိုပြု၍ ယမန်နေ့ မတ် ၄ ရက်ညနေ ၆ နာရီ ၆ မိနစ် ၅ စက္ကန့်က အင်အားအနည်း ငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝ သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ကျောက်မဲမြို့၏ အရှေ့တောင်ဘက်(၂၇)မိုင်ခန့်အကွာ၊ အနက်(၁၄)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး(၄ ဒသမ ၂)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
Mar 05 • 1:27 AM
Myanmar
Shan
Share
| 16 | 0 | 0 | 0 |


