ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်၊ ခေတ္တရာမြို့သစ်၊ စျေးလမ်း၊ အထက(၅) ကျောင်းရှေ့မှာ ယနေ့ မတ်လ ၄ ရက်နေ့ နံနက် ၈ နာရီခန့်က သေဆုံးလျှက်ရှိနေတဲ့ ပိုင်ရှင်မဲ့ အမျိုးသားအလောင်း(၁) လောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။အဲဒီအမျိုးသားအလောင်းကိုတော့ ပြည်မြို့မှာရှိတဲ့ ပရဟိတ အသင်းတွေက ပြည်မြို့ကုတင်-၅၀၀ ဆေးရုံ ကို ပို့ဆောင်ပေးခဲ့ကြပါတယ်။



