back

ရေနံလောင်စာရန်ပုံငွေ Oil Fuel Fund ဖြင့်အကုန်အကျခံ‌ပေးမည်ဟု ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနက ကြေညာ

Mar 04 • 12:26 PM

breaking-news

Thailand

Local News

cover

ရေနံလောင်စာရန်ပုံငွေ Oil Fuel Fund ဖြင့်အကုန်အကျခံ‌ပေးမည်ဟု ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနက ကြေညာ

အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ မြင့်တက်လာချိန်တွင် ဒီဇယ်နှင့် ဓာတ်ဆီဈေးနှုန်းများကို တည်ငြိမ်စေရန်အတွက် ရေနံလောင်စာရန်ပုံငွေ Oil Fuel Fund...

အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ မြင့်တက်လာချိန်တွင် ဒီဇယ်နှင့် ဓာတ်ဆီဈေးနှုန်းများကို တည်ငြိမ်စေရန်အတွက် ရေနံလောင်စာရန်ပုံငွေ Oil Fuel Fund ဖြင့်အကုန်အကျခံ‌ပေးမည်ဟု ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနက ကြေညာခဲ့သည်။ စွမ်းအင်ဝန်ကြီး Auttapol Rerkpiboon က အင်္ဂါနေ့ (မတ် ၃)သန်းခေါင်ယံ မတိုင်မီတွင် ဆုံးဖြတ်ချက်ချခဲ့ကြောင်း ပြောကြားခဲ့သည်။ ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူးလ်၏ ဒီဇယ်ဈေးနှုန်းကို ၁၅ ရက်ကြာ တစ်လီတာလျှင် ၂၉.၉၄ ဘတ်တွင် ထားရှိရန် အမိန့်ကို လိုက်နာ‌ဆောင်ရွက်ပေးခြင်း ဖြစ်သည်။ ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူးလ်က ဗုဒ္ဓဟူးနေ့တွင် နောက် ၁၅ ရက်အတွက် ဈေးနှုန်းများကို ကန့်သတ်ထားမည်ဖြစ်သောကြောင့် လောင်စာဆီများကို စုဆောင်းထားရန် မလိုအပ်ကြောင်း ပြောကြားသည်။



news-view-count-icon

10