အီရန်ကိုတိုက်ခိုက်ရာတွင် အမေရိကန်လေယာဉ်များအတွက် စစ်အခြေစိုက်စခန်းများ ကို အသုံးပြုခွင့်မပေးခဲ့သည့် စပိန်နိုင်ငံနှင့် ကုန်သွယ်မှုအားလုံးကို ဖြတ်တောက်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အင်္ဂါနေ့တွင် ခြိမ်းခြောက်ခဲ့သည်။ဥရောပတွင် ထရမ့်ပ်ကို အပြင်းထန်ဆုံးဆန့်ကျင်သော ခေါင်းဆောင်များထဲမှတစ်ဦးဖြစ်သည့် ဝန်ကြီးချုပ် ပက်ဒရိုဆန်ရှေး ဦးဆောင်သော စပိန်နိုင်ငံ၏ လက်ဝဲအစိုးရက အမေရိကန်တပ်များက ကာလကြာရှည်အသုံးပြုခဲ့ဖူးသော အခြေစိုက်စခန်းများကို ကုလသမဂ္ဂပဋိဉာဉ်စာတမ်းနှင့် ကိုက်ညီသော လုပ်ဆောင်ချက်များအတွက်သာ ခွင့်ပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
စပိန်က အတော်ဆိုးခဲ့ပါတယ်” ဟု အိမ်ဖြူတော်တွင် ဂျာမနီဝန်ကြီးချုပ် ဖရိုက်ဒရစ်ချ် မာ့ဇ်နှင့် တွေ့ဆုံစဉ် သတင်းထောက်များကို ထရမ့်ပ်က ပြောကြားခဲ့သည်



