လာမည့် မတ်လ ၆ ရက်နေ့မှစတင်ကာ ရန်ကုန်၊ မန္တလေး၊ မကွေးနှင့် ဧရာဝတီတိုင်း အပါအဝင် မြန်မာနိုင်ငံရှိ တိုင်းနှင့် ပြည်နယ် ၁၂ ခုတွင် လက်ရှိအပူချိန်ထက် ပိုမိုမြင့်တက်လာနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာစိုင်းခွန်အာကာက မတ်လ ၃ ရက်နေ့တွင် သတိပေးလိုက်သည်။ အဆိုပါဒေသများတွင် နေ့ဘက်သာမက ညဘက်တွင်ပါ အပူရှိန်မြင့်တက်မှုကို ခံစားရမည်ဖြစ်ပြီး၊ အထူးသဖြင့် ရန်ကုန်တိုင်းအတွင်း၌ မတ်လ ၈ ရက်မှ ၁၁ ရက်အတွင်း ခံစားရသည့် အပူအအေးညွှန်းကိန်း (Apparent Temperature) သိသိသာသာ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။ ယင်းသို့ အပူရှိန်မြင့်တက်မည့် ဒေသများတွင် စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနှင့် ချင်း၊ ရှမ်း၊ ကယား၊ ကရင်၊ မွန်ပြည်နယ်တို့လည်း ပါဝင်ကြောင်း
သိရသည်။



