back

ချွန်ဘူရီတွင် စက်ရုံကြိုပို့ယာဉ် တိမ်းမှောက်မှုကြောင့် ဒဏ်ရာရခဲ့သည့် မြန်မာလုပ်သားများကို အလုပ်သမားသံအရာရှိရုံး တာဝန်ရှိသူများ သွားရောက်အားပေး

Mar 04 • 6:12 AM

breaking-news

Thailand

Local News

cover

ချွန်ဘူရီတွင် စက်ရုံကြိုပို့ယာဉ် တိမ်းမှောက်မှုကြောင့် ဒဏ်ရာရခဲ့သည့် မြန်မာလုပ်သားများကို အလုပ်သမားသံအရာရှိရုံး တာဝန်ရှိသူများ သွားရောက်အားပေး

ထိုင်းနိုင်ငံ၊ ချွန်ဘူရီပြည်နယ်၊ သီရိရာချာမြို့နယ်တွင် ဖေဖော်ဝါရီ ၂၈ ရက်က ဖြစ်ပွားခဲ့သော စက်ရုံကြိုပို့ယာဉ် တိမ်းမှောက်မှုကြောင့် Sriracha District ဆေးရုံတွင် တ...

ထိုင်းနိုင်ငံ၊ ချွန်ဘူရီပြည်နယ်၊ သီရိရာချာမြို့နယ်တွင် ဖေဖော်ဝါရီ ၂၈ ရက်က ဖြစ်ပွားခဲ့သော စက်ရုံကြိုပို့ယာဉ် တိမ်းမှောက်မှုကြောင့် Sriracha District ဆေးရုံတွင် တက်ရောက်ကုသနေသည့် မြန်မာအလုပ်သမားများကို အလုပ်သမားသံအရာရှိရုံးမှ တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ အားပေးခဲ့ကြောင်း သိရသည်။ တာဝန်ရှိသူများသည် လူနာများ၏ ကျန်းမာရေးအခြေအနေနှင့် အလုပ်ရှင်ဘက်မှ စောင့်ရှောက်မှုပေးနေသည့် အခြေအနေများကို မေးမြန်းခဲ့ပြီး အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့ကာ အခက်အခဲရှိပါက သံအရာရှိရုံးသို့ ဆက်သွယ်ရန် လမ်းညွှန်ခဲ့သည်။

news-view-count-icon

12