back

အီရန်စစ်ပွဲဂယက်နှင့် ယာဉ်မောင်းနှင်မှု ကန့်သတ်ချက်များကြောင့် မြန်မာနိုင်ငံတစ်ဝန်း စက်သုံးဆီဆိုင်များတွင် တန်းစီဝယ်ယူသူများ ပြားလာ

Mar 04 • 5:45 AM

breaking-news

Myanmar

Local

cover

အီရန်စစ်ပွဲဂယက်နှင့် ယာဉ်မောင်းနှင်မှု ကန့်သတ်ချက်များကြောင့် မြန်မာနိုင်ငံတစ်ဝန်း စက်သုံးဆီဆိုင်များတွင် တန်းစီဝယ်ယူသူများ ပြားလာ

အီရန်စစ်ပွဲကြောင့် စက်သုံးဆီပြတ်လပ်မည့်အရေး စိုးရိမ်မှုများနှင့်အတူ ကိုယ်ပိုင်ယာဉ်များကို တစ်ရက်ခြားစီသာ မောင်းနှင်ရန် စစ်ကော်မရှင်က ကန့်သတ်ချက်များ ထုတ်ပြန်လို...

အီရန်စစ်ပွဲကြောင့် စက်သုံးဆီပြတ်လပ်မည့်အရေး စိုးရိမ်မှုများနှင့်အတူ ကိုယ်ပိုင်ယာဉ်များကို တစ်ရက်ခြားစီသာ မောင်းနှင်ရန် စစ်ကော်မရှင်က ကန့်သတ်ချက်များ ထုတ်ပြန်လိုက်ခြင်းကြောင့် ယမန်နေ့ညပိုင်းမှစတင်ကာ ရန်ကုန်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် လူထုမှာ တန်းစီဝယ်ယူမှုများ သိသိသာသာ များပြားလာကြောင်း သိရသည်။ လတ်တလော ထွက်ပေါ်နေသည့် စစ်ရေးအခြေအနေနှင့် မူဝါဒအပြောင်းအလဲများကြောင့် ဆီပြတ်လပ်မည်ကို စိုးရိမ်သည့် ယာဉ်ပိုင်ရှင်များမှာ ဆီဆိုင်များ၌ နာရီပေါင်းများစွာ စောင့်ဆိုင်းဝယ်ယူနေကြရပြီး၊ လူမှုကွန်ရက်ပေါ်တွင်လည်း ဆီဆိုင်ရှေ့၌ တန်းစီနေသည့် ယာဉ်တန်းရှည်ကြီးများ၏ ဓာတ်ပုံများမှာ ပျံ့နှံ့လျက်ရှိကြောင်း သတင်းအရ သိရသည်။

news-view-count-icon

28