back

မန္တလေးတိုင်း၊ စဉ့်ကူးမြို့ပေါ်ရှိ 11KV ဓာတ်အားလိုင်းများပြုပြင်မှု (၆၀)ရာခိုင်နှုန်းခန့်ပြီးစီးပြီဖြစ်

Mar 04 • 5:42 AM

breaking-news

Myanmar

Mandalay

cover

မန္တလေးတိုင်း၊ စဉ့်ကူးမြို့ပေါ်ရှိ 11KV ဓာတ်အားလိုင်းများပြုပြင်မှု (၆၀)ရာခိုင်နှုန်းခန့်ပြီးစီးပြီဖြစ်

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့ပေါ်ရှိ 11KV ဓာတ်အားလိုင်းများအား လျှပ်စစ်ဓာတ်အား အပြည့်အဝ ပြန်လည်ဖြန့်ဖြူးပေးနိုင်ရန် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက ပြုပြင်ဆ...

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့ပေါ်ရှိ 11KV ဓာတ်အားလိုင်းများအား လျှပ်စစ်ဓာတ်အား အပြည့်အဝ ပြန်လည်ဖြန့်ဖြူးပေးနိုင်ရန် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက ပြုပြင်ဆောင်ရွက်လျက်ရှိရာ မတ်လ ၂ ရက်နေ့အထိ လုပ်ငန်းများ၏ ၆၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၂၁ ရက်တွင် ထရန်စဖော်မာတစ်လုံး ယာယီတပ်ဆင်၍ ဌာနဆိုင်ရာများ၊ ဆေးရုံနှင့် စာသင်ကျောင်းများကို ကနဦး ဓာတ်အားပေးနိုင်ခဲ့ပြီးနောက်၊ ဖေဖော်ဝါရီ ၂၆ ရက်တွင် ကွက်သစ်-၂ ပင်မဓာတ်အားခွဲရုံကို ဆက်လက်ပြုပြင်လျက်ရှိရာ မကြာမီအတွင်း မြို့ပေါ်နှင့် ပတ်ဝန်းကျင်ကျေးရွာများသို့ လျှပ်စစ်ဓာတ်အား ပုံမှန်အတိုင်း ပြန်လည်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

news-view-count-icon

20