menu-icon
logo-icon

Global Reporter

home-icon

Home

breaking_news-icon

Breaking News

hot-icon

Hot

language-icon

language-icon
language-icon
‌
‌
‌
‌
‌
‌

Follow Us

Download Application

playstore-iconappstore-icondownload-app-icon

Follow Us

Download Application

playstore-iconappstore-icondownload-app-icon
Copyright 2026 Global Report. All rights reserved
navbar-bgnavbar-bg-dark
back

အစ္စရေးက အီရန်နဲ့ လက်ဘနွန်ကို ထပ်မံ တိုက်ခိုက်နေ

Mar 04 • 2:15 AM

breaking-news

Myanmar

International

Share

share-news
cover

အစ္စရေးက အီရန်နဲ့ လက်ဘနွန်ကို ထပ်မံ တိုက်ခိုက်နေ

အီရန်မြို့တော် တီဟီရန်နဲ့ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တို့ရှိ စစ်ဖက်ဆိုင်ရာ ပစ်မှတ်တွေကို ထပ်မံတိုက်ခိုက်ခဲ့ကြောင်း အစ္စရေးက ပြောပါတယ်။အစ္စရေး နယ်စပ် ဒေသတွေကို တ...

cover-photo

အီရန်မြို့တော် တီဟီရန်နဲ့ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တို့ရှိ စစ်ဖက်ဆိုင်ရာ ပစ်မှတ်တွေကို ထပ်မံတိုက်ခိုက်ခဲ့ကြောင်း အစ္စရေးက ပြောပါတယ်။အစ္စရေး နယ်စပ် ဒေသတွေကို တိုက်ခိုက်မှုခံရမှု ကြိုတင်ကာကွယ်ရေး လက်ဘနွန်ရှိ နောက်ထပ် ဗျူဟာမြောက် ဒေသတွေကို မြေပြင် တပ်ဖွဲ့တွေနဲ့ ထိုးစစ်ဆင် သိမ်းပိုက်သွားမှာ ဖြစ်ကြောင်းလည်း အစ္စရေးက ပြောပါတယ်။ဆော်ဒီအာရေးဗီးယားနိုင်ငံ မြို့တော် ရီးယာ့ဒ်ရှိ အမေရိကန် သံရုံး ဒရုန်း နှစ်စီးနဲ့ တိုက်ခိုက်ခံရတာဟာ အီရန်ရဲ့ လက်ချက် ဖြစ်ပုံရပါတယ်။အဲဒီ တိုက်ခိုက်မှုကြောင့် မီးလောင်မှု ဖြစ်ပွားပြီး အပျက်အစီး အနည်းငယ် ရှိခဲ့တယ်လို့ အမေရိကန်က ပြောပါတယ်။ဘာရိန်းနိုင်ငံရှိ အမေရိကန် စစ်အခြေစိုက်စခန်း ကွပ်ကွဲရေး အဆောက်အဦကို တိုက်ခိုက် ဖျက်ဆီးလိုက်ကြောင်း အီရန် နိုင်ငံပိုင် မီဒီယာက ဖော်ပြထားပေမယ့် အမေရိကန်က မှတ်ချက် မပေးသေးပါဘူး။အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက အီရန်အပေါ် အပြင်းထန်ဆုံး တိုက်ခိုက်မှုတွေ မလုပ်ရသေးဘူးလို့ မတ် ၂ ရက်မှာ ပြောထားပါတယ်။ဒီအတောအတွင်း ထရန့်က ကနဦးမှာ ဗြိတိန် အခြေစိုက် စခန်းတွေကို အသုံးပြုခွင့် မပေးခဲ့တဲ့ ဝန်ကြီးချုပ် ကီယာ စတာမာအား အပြစ်တင်ခဲ့ပါတယ်။ဖေဖော်ဝါရီ ၂၈ ရက်က အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် အီရန် ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ သေဆုံးခဲ့ပြီး အီရန်က ဒေသတဝှမ်း လက်စားချေ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အရှေ့အလယ်ပိုင်း ဒေသရှိ အမေရိကန် နိုင်ငံသားများ အခုချက်ချင်း ထွက်ခွာကြဖို့ အမေရိကန်က မတ် ၂ ရက်မှာ တိုက်တွန်းထားပါတယ်။




news-view-count-icon

41

like-icon

0

comment-icon

0

share-news-icon

0

left-arrow-icon
cover-photo

တာချီလိတ်မြို့ရှိ ဟိုတယ်တစ်ခုတွင် ကျားဖြန့်လိမ်လည်မှုလုပ်ကိုင်နေသည့် နိုင်ငံခြားသား ၄၀၀ နီးပါးကို ဖမ်းဆီးရမိ

ဗြိတိန်နိုင်ငံက မြန်မာ အပါအဝင် နိုင်ငံ ၄ ခုကို ကျောင်းသားဗီဇာထုတ်ပေးမှုများ ရပ်ဆိုင်းမည်ဟု ဗြိတိန် ပြည်ထဲရေးဝန်ကြီး ကြေ ညာ

cover-photo
right-arrow-icon