ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ မယ်ခေါင် (၂) ရပ်ကွက်ရှိ "အပြည်ပြည်ဆိုင်ရာဟိုတယ်" ၌ အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) နှင့် လောင်းကစားမှုများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၉၇ ဦး အပါအဝင် မလေးရှား၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံသား စုစုပေါင်း ၃၉၃ ဦးကို မတ်လ ၃ ရက် မွန်းလွဲပိုင်းတွင် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့သည်။ အဆိုပါ ဝင်ရောက်စီးနင်းမှုအတွင်း အွန်လိုင်းလိမ်လည်မှုတွင် အသုံးပြုသည့် ကွန်ပျူတာ ၁၇၄ လုံး၊ Starlink အင်တာနက်စက် ၉ လုံးနှင့် ဖုန်း ၂၃၃ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး၊ ဖမ်းဆီးရမိသူများကို ၎င်းတို့၏ မိခင်နိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးနိုင်ရန် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။



