back

လာမယ့် မတ် ၆ ရက်နေ့မှစ၍ တိုင်းနှင့် ပြည်နယ် ၁၂ ခု၌ နေ့ရော ညပါ လက်ရှိအပူအချိန်ထက် မြင့်လာမယ်လို့ဆို

Mar 03 • 6:52 AM

breaking-news

Myanmar

Local

breaking-news
cover

လာမယ့် မတ် ၆ ရက်နေ့မှစ၍ တိုင်းနှင့် ပြည်နယ် ၁၂ ခု၌ နေ့ရော ညပါ လက်ရှိအပူအချိန်ထက် မြင့်လာမယ်လို့ဆို

လာမယ့် မတ် ၆ ရက်နေ့မှစ၍ တိုင်းနှင့် ပြည်နယ် ၁၂ ခု၌ နေ့ရော ညပါ လက်ရှိအပူအချိန်ထက် မြင့်လာမယ်လို့ မိုးဇလပညာရှင်များက သုံးသပ်ပြောကြားထားကြပါတယ်။မတ်လ ၆ ရက်နေ့မှစပြီ...

လာမယ့် မတ် ၆ ရက်နေ့မှစ၍ တိုင်းနှင့် ပြည်နယ် ၁၂ ခု၌ နေ့ရော ညပါ လက်ရှိအပူအချိန်ထက် မြင့်လာမယ်လို့ မိုးဇလပညာရှင်များက သုံးသပ်ပြောကြားထားကြပါတယ်။မတ်လ ၆ ရက်နေ့မှစပြီး မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်၊ မွန်ပြည်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း ဒေသများမှာ လက်ရှိအပူချိန်ထက် နေ့ဘက်ရော ညဘက်ပါ ပိုပူလာတော့မှာ ဖြစ်တယ်လို့ မိုးဇလပညာရှင် ဒေါက်တာ စိုင်းခွန်အာကာက ပြောကြားထားပါတယ်။မိုးဇလပညာရှင် ဒေါက်တာ စိုင်းခွန်အာကာက “ရန်ကုန်တိုင်းထဲက ဒေသများ မတ်လ ၈ ရက်နဲ့ ၁၁ ရက်ကြား နေ့ရောညရော လက်ရှိထက် ပိုပူလာပါလိမ့်မယ်။ ခံစားရတဲ့အပူချိန် မြင့်တက်လာပါလိမ့်မယ်”လို့ ယနေ့ မတ် ၃ ရက်နေ့ မနက်ပိုင်းက သုံးသပ်ပြောကြားထားပါတယ်။မိုးဇလပညာရှင် ဦးဝင်းနိုင်ကလည်း “Meteoblue App မှ ကြိုတင်ခန့်မှန်းချက်အရ မတ်လ ၃ ရက်နေ့ နောက်ပိုင်းမှာ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်တို့အပြင် ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံ တောင်ပိုင်း ဒေသများတွင် မြင့်တက်လာနိုင်သည့် ခံစားရသည့်အပူချိန် Apparent Temperature များသည် ၃၈ ဒီဂရီဆဲလ်စီးရပ် မှ ၄၂ ဒီဂရီဆဲလ်စီးရပ် အထိရှိလာနိုင်ပါတယ်။ မတ်လ ပထမပတ်အတွင်း မြန်မာနိုင်ငံတွင်း အပူချိန် ၄၀ ဒီဂရီဆဲလ်စီးရပ် ကို မကျော်နိုင်သေးပါ”လို့ မတ်လ ၁ ရက်နေ့က ပြောကြားထားပါတယ်။ယင်းသို့ အပူချိန်ပိုမို မြင့်မားလာနိုင်တာကြောင့် အပူမကြိုက်တဲ့သူများအပြင် အဖိုးအဖွားများနဲ့ ကျန်းမာရေးမကောင်းသူများ နွေအပူဒဏ်ကို စတင်အံတု ဖြတ်ကျော်ရတော့မှာဖြစ်တာကြောင့် မလိုအပ်ဘဲ အပြင်သွားခြင်းများကို တတ်နိုင်သလောက် ရှောင်ကြဉ်သင့်ပြီး မဖြစ်မနေ အလုပ်ထွက်လုပ်ကြရမယ့် လုပ်သားပြည်သူများလည်း အထူးဂရုစိုက်ကြဖို့ ပညာရှင်များက အသိပေးထားပါတယ်။


news-view-count-icon

36