ရန်ကုန်မြို့တွင် အိမ်ငှားရမ်းခများနှင့် ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာခြင်း၊ အလုပ်အကိုင် ရှားပါးခြင်းနှင့် နယ်မြေမအေးချမ်းမှုကြောင့် တိုက်ပွဲရှောင်မိသားစုများ ဝင်ရောက်လာခြင်းတို့ကြောင့် လမ်းဘေးနှင့် ဆိုင်ခန်းများရှေ့တွင် ညဘက်မိသားစုလိုက် အိပ်စက်ရသည့် အခြေအနေမဲ့ဦးရေမှာ ယခင်ထက် သိသာစွာ များပြားလာကြောင်း လူမှုရေးလုပ်ဆောင်သူများထံမှ သိရသည်။ အထူးသဖြင့် မြို့ထဲပိုင်း၊ လှည်းတန်း၊ မြေနီကုန်းနှင့် တာမွေစသည့် လူစည်ကားရာနေရာများတွင် မိသားစုလိုက် တွေ့ရှိလာရပြီး အမျိုးသမီးငယ်များနှင့် ကလေးသူငယ်များအတွက် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများ မြင့်တက်လျက်ရှိရာ၊ ဤပြဿနာကို ဖြေရှင်းရန်အတွက် နေထိုင်စရာနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန် လိုအပ်နေကြောင်း လူမှုကူညီရေး အသိုင်းအဝိုင်းက ထောက်ပြထားသည်။
Mar 03 • 5:56 AM
Myanmar
Yangon
Share
| 21 | 0 | 0 | 0 |


