အိန္ဒိယ-ရခိုင် သမိုင်းကြောင်းဆိုင်ရာဆက်နွယ်မှု ဓာတ်ပုံပြပွဲနှင့် စာအုပ်မိတ်ဆက်ပွဲကို ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းနှင့် ရွှေဘုံသာလမ်းထောင့်ရှိ အိန္ဒိယယဉ်ကျေးမှုစင်တာ (ရန်ကုန်)တွင် ယမန်နေ့ မတ် (၂)ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးနှင့် ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်)တို့ ပူးပေါင်းကျင်းပခြင်းလည်း ဖြစ်သည်အခမ်းအနားကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါ်နုမြဇံ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးနှင့် ရခိုင်စာပေနှင့် ယဉ်ကျေးမှုအသင်း (ရန်ကုန်)၏ အသင်းဥက္ကဋ္ဌ ဦးသန်းမောင်တို့ တက်ရောက်ခဲ့သည်။
ရခိုင်စာပေနှင့် ယဉ်ကျေးမှုအသင်း (ရန်ကုန်)မှ ရခိုင်ရိုးရာ ယဉ်ကျေးမှုအက၊ Swami Vivekananda Cultural Centre (SVCC) မှ အိန္ဒိယယဉ်ကျေးမှုအကတို့ဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့သေးသည်။


