back

ဂျူဗင်တပ်စ်အသင်းနဲ့ ၂၀၃၀ ခုနှစ်အထိ မက်ကန်နီး စာချုပ်သစ်ချုပ်ဆို

Mar 03 • 4:39 AM

breaking-news

Myanmar

International

cover

ဂျူဗင်တပ်စ်အသင်းနဲ့ ၂၀၃၀ ခုနှစ်အထိ မက်ကန်နီး စာချုပ်သစ်ချုပ်ဆို

အီတလီကလပ် ဂျူဗင်တပ်စ်အသင်းသည် ၎င်းတို့၏ အဓိကကွင်းလယ်ကစားသမား မက်ကန်နီးကို ၂၀၃၀ ပြည့်နှစ်အထိ သက်တမ်းရှိသည့် စာချုပ်သစ်တစ်ရပ် ချုပ်ဆိုလိုက်ကြောင်း တရားဝင်အတည်ပြု ...

အီတလီကလပ် ဂျူဗင်တပ်စ်အသင်းသည် ၎င်းတို့၏ အဓိကကွင်းလယ်ကစားသမား မက်ကန်နီးကို ၂၀၃၀ ပြည့်နှစ်အထိ သက်တမ်းရှိသည့် စာချုပ်သစ်တစ်ရပ် ချုပ်ဆိုလိုက်ကြောင်း တရားဝင်အတည်ပြု ကြေညာခဲ့သည်။ ဥရောပနှင့် အမေရိကန်ရှိ ကလပ်အသင်းအချို့က မက်ကန်နီးကို ခေါ်ယူရန် စိတ်ဝင်စားနေကြသော်လည်း အသက် ၂၇ နှစ်အရွယ်ရှိ ၎င်းက ဂျူဗင်တပ်စ်တွင် ဆက်နေရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး၊ စာချုပ်သစ်အရ အခွန်ဆောင်ပြီးနောက် တစ်နှစ်လျှင် ယူရို ခုနစ်သန်းခန့် ရရှိမည်ဖြစ်သည်။ လက်ရှိနည်းပြ စပယ်လက်တီ၏ လက်အောက်တွင် တိုက်စစ်မှူးနေရာ၌ပါ ကစားနေရသည့် မက်ကန်နီးသည် ၂၀၂၀ ပြည့်နှစ်ကတည်းက အသင်းသို့ ရောက်ရှိလာသူဖြစ်ပြီး ဂျူဗင်တပ်စ်အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၂၂၀ ကစားပေးကာ ဂိုး ၂၀ ကျော် သွင်းယူထားနိုင်သူဖြစ်ကြောင်း သိရသည်။

news-view-count-icon

19