back

တောင်သူလယ်သမားနေ့တွင် အခြေခံပညာအဆင့် ကျောင်းသား/သူများ၏ အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်းနှင့် ပိုစတာလက်ရာများကို ပြည်သူ့ရင်ပြင်၌ ခင်းကျင်းပြသ

Mar 03 • 4:22 AM

breaking-news

Myanmar

Yangon

cover

တောင်သူလယ်သမားနေ့တွင် အခြေခံပညာအဆင့် ကျောင်းသား/သူများ၏ အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်းနှင့် ပိုစတာလက်ရာများကို ပြည်သူ့ရင်ပြင်၌ ခင်းကျင်းပြသ

မတ်လ ၂ ရက် ကျရောက်သည့် တောင်သူလယ်သမားနေ့တွင် အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူများ၏ အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲဝင် လက်ရာများကို ရန်ကုန...

မတ်လ ၂ ရက် ကျရောက်သည့် တောင်သူလယ်သမားနေ့တွင် အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူများ၏ အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲဝင် လက်ရာများကို ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်၌ စတင်ခင်းကျင်းပြသလျက်ရှိသည်။ အဆိုပါပြိုင်ပွဲကြီးကို ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၁ ရက်အထိ ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုပြပွဲတွင် အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ၏ လက်ရာများကို လာရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။ ထူးခြားချက်အနေဖြင့် ရွေးချယ်ခံရသည့် ဆုရလက်ရာများကို လေလံတင်ရောင်းချသွားမည်ဖြစ်ကာ ရရှိလာသည့် ရန်ပုံငွေများကို ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို ဆုကြေးငွေအဖြစ် ထပ်မံပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

16