စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့တွင် ပြင်းထန်ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရသူများနှင့် ယာယီနေရပ်စွန့်ခွါရွှေ့ပြောင်းနေထိုင်သူများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ရွေ့လျားဆေးကုခန်းဖွင့်လှစ်၍ ပဏာမကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက် ပေးလျက်ရှိရာ ဖေဖော်ဝါရီလ(၅)ရက်နေ့တွင် မင်းကွန်းဒေသ မိုးမိတ်ကုန်းမြေ ယာယီနေရပ်စွန့်ခွါရွှေ့ပြောင်းနေထိုင်သူများစခန်းမှ လူဦးရေ(၂၉၀)ဦးကို ပဏာမကျန်းမာရေးစောင့်ရှောက်မှုများပေးခဲ့ပါသည်။ဖေဖော်ဝါရီလ(၂၃)ရက်နေ့မှ(၂၇)ရက်နေ့အတွင်း စစ်ကိုင်းမြို့ ရွှေတောင်ဦးကျောင်းတိုက်၊ မဟာသမုဓိကျောင်းတိုက်၊ သက်တော်ရှည် ကျောင်းတိုက်နှင့် မန်ကျည်းကုန်းရပ်ကွက်တို့တွင် ရွေ့လျားဆေးကုခန်း ဖွင့်လှစ်ခဲ့ပြီး လူဦးရေ (၁,၅၈၄)ဦးကို ပဏာမကျန်းမာရေးစောင့်ရှောက်မှုများပေးခဲ့ပြီး
ဆေးရုံတက်ရောက်ရန်လိုအပ်သူ(၃)ဦးကို ငွေကျပ်(၃)သိန်းစီ ထောက်ပံ့ကူညီခဲ့ပါသည်။မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် မိတ်ဖက်ကြက်ခြေနီအသင်းများ၏ ပံ့ပိုးကူညီမှုဖြင့် ရွေ့လျားဆေးကုခန်းများ
ဖွင့်လှစ်ကာ ကြက်ခြေနီဝန်ထမ်းများနှင့် ဒေသခံကြက်ခြေနီစေတနာလုပ်အားရှင်များက ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။



