back

တရုတ်နိုင်ငံခြား‌ရေးဝန်ကြီးက အီရန်ရဲ့ အချုပ်အခြာအာဏာလုံခြုံရေးအတွက် ထောက်ခံသွားမယ်လို့ ကြေညာ

Mar 03 • 2:44 AM

breaking-news

China

Local News

cover

တရုတ်နိုင်ငံခြား‌ရေးဝန်ကြီးက အီရန်ရဲ့ အချုပ်အခြာအာဏာလုံခြုံရေးအတွက် ထောက်ခံသွားမယ်လို့ ကြေညာ

တရုတ်နိုင်ငံဟာ အီရန်ရဲ့ အချုပ်အခြာအာဏာလုံခြုံရေး၊ နယ်မြေတည်တံ့ခိုင်မြဲရေးနဲ့ အမျိုးဂုဏ်သိက္ခာ ကာကွယ်ရေးစောင့်ရှောက်ဖို့ သူ့ရဲ့အခွင့်အရေး အကျိုးစီးပွားထိန်းသိမ်း...

တရုတ်နိုင်ငံဟာ အီရန်ရဲ့ အချုပ်အခြာအာဏာလုံခြုံရေး၊ နယ်မြေတည်တံ့ခိုင်မြဲရေးနဲ့ အမျိုးဂုဏ်သိက္ခာ ကာကွယ်ရေးစောင့်ရှောက်ဖို့ သူ့ရဲ့အခွင့်အရေး အကျိုးစီးပွားထိန်းသိမ်းစောင့်ရှောက်ဖို့ ထောက်ခံတယ်ဆိုပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြောပါတယ်။အစ္စရေး - အီရန်စစ်ပွဲ ၃ ရက်မြောက်နေ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက အီရန်နိုင်ငံခြားရေးဝန်ကြီး Seyed Abbas Araghchi ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပြောဆိုဆွေးနွေးတဲ့အကြောင်း ထုတ်ပြန်ပါတယ်။နိုင်ငံတကာအသိုင်းအဝန်းတွေအနေနဲ့ နိုင်ငံတကာ ဥပဒေချိုးဖောက်တဲ့ ဘယ်လိုလုပ်ဆောင်ချက်မဆို ဆန့်ကျင်ရမှာဖြစ်သလို အီရန်ရဲ့ နျူကလီးယားနဲ့ ပတ်သက်တဲ့ပြဿာနာကိုတော့ နိုင်ငံရေး သံတမန်နည်းလမ်းအသုံးပြု ဖြေရှင်းရမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

news-view-count-icon

5