စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် အမြင့်မြို့ဟောင်း၊ သောတာပန်ရွာရှိ အဘထီးဖြူဆောင်းနတ်ပွဲကို တပေါင်းလပြည့်နေ့တိုင်း ကျင်းပမြဲဖြစ်ရာ ယခုနှစ် တပေါင်းလပြည့်၊ မတ်လ (၂) ရက် နံနက်ပိုင်းတွင် နတ်တက်နတ်ဆက်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။အဘထီးဖြူဆောင်းနတ်ပွဲသည် ယခင်ကကြက်ပျံမကျစည်ကားလှသော်လည်း ယခုနှစ်တွင် နတ်ပွဲငယ်လေးအဖြစ်သာရိုးရာမပျက်ကျင်းပခြင်းဖြစ်ပြီး ယခုလိုကျင်းပနိုင်မှုအပေါ် ဒေသခံများနှင့် အဝေးရောက်အမြင့်နယ်သူနယ်သားများအနေဖြင့် ဝမ်းသာလျက်ရှိကြကြောင်းကြား သိရသည်။



