၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ဘုရားပေါ်၌ မတော်မလျော် ကပြပူးပြခြင်းများ ပြုလုပ်ခဲ့သည့်အတွက် သာသနာရေးဆိုင်ရာ တိုင်ကြားမှုများ ပေါ်ပေါက်ခဲ့ပါတယ်။ အဆိုပါကိစ္စတွင် ပါဝင်ပတ်သက်သူများဖြစ်သည့် ကျောင်းထိုင်ဆရာတော်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဂေါပကအဖွဲ့နှင့် အမျိုးသမီး (၃) ဦးတို့အား မြို့နယ်သံဃနာယကရုံး တိုင်းအဆင့်နှင့် မြို့နယ်အဆင့် သံဃနာယက ဆရာတော်ကြီးများ၊ သာသနာရေးဦးစီးဌာနတို့က နိုင်ငံတော်အမိန့် စီမံချက်များနှင့်အညီ လိုအပ်သလို အရေးယူဆောင်ရွက်သွားရန် စီစဉ်နေပြီ ဖြစ်ပါတယ်။ယခုဖြစ်စဉ်ကို နမူနာယူ၍ အခြားသော တိုင်းနှင့် ပြည်နယ်များတွင်လည်း ဘုရားစေတီ ပုထိုးတွေပေါ်မှာ အခုလို အစဉ်အလာမဟုတ်တဲ့ နဂါးပူးပြကပြတာမျိုးတွေက သာသနာတော်အတွက် အယူမှားအောင် လုပ်ဆောင်နေသူများရှိပါက သက်ဆိုင်ရာ မြို့နယ်သံဃနာယကရုံးများသို့ တိုင်ကြားအရေးယူနိုင်ကြောင်း သိရပါတယ်။



