back

ဒိုမီနီကန်သမ္မတနိုင်ငံမှာမြေရှားသတ္တုသိုက်ပမာဏ တန်ချိန် သန်း ၁၅၀ ကျော် ရှိနေကြောင်း သမ္မတပြောကြား

Mar 01 • 7:26 AM

breaking-news

Myanmar

International

cover

ဒိုမီနီကန်သမ္မတနိုင်ငံမှာမြေရှားသတ္တုသိုက်ပမာဏ တန်ချိန် သန်း ၁၅၀ ကျော် ရှိနေကြောင်း သမ္မတပြောကြား

ဒိုမီနီကန်သမ္မတနိုင်ငံသည် အနာဂတ်တွင် နည်းပညာမြင့် စက်မှုလုပ်ငန်းများအတွက် အရေးပါသော သတ္တုများကို ပံ့ပိုးနိုင်သည့် ကာရေဘီယံ နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်စေ...

ဒိုမီနီကန်သမ္မတနိုင်ငံသည် အနာဂတ်တွင် နည်းပညာမြင့် စက်မှုလုပ်ငန်းများအတွက် အရေးပါသော သတ္တုများကို ပံ့ပိုးနိုင်သည့် ကာရေဘီယံ နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်စေမည့် ရှားပါးမြေသတ္တု သိုက်များကို ဖော်ထုတ်တွေ့ရှိထားကြောင်း သမ္မတလူးရစ်ဇ်အဘင်နာဒါက သောကြာနေ့တွင် ပြောကြားခဲ့ကြောင်း Reuters သတင်းက ဖော်ပြခဲ့သည်။ အစောပိုင်းလေ့လာမှုများအရ ရှားပါးမြေသတ္တုသိုက် အကြမ်းဖျင်းပမာဏမှာ တန်ချိန် သန်း ၁၅၀ ကျော် ရှိနေပြီး၊ ၎င်းတွင် တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ အာကာသယာဉ်နှင့် စစ်ဘက်ဆိုင်ရာ ကိရိယာများတွင် အသုံးပြုနိုင် သည့် သတ္တု ၁၇ မျိုးထိပါဝင်ကြောင်း အစိုးရထုတ်ပြန်ချက်တစ်ခုအရ သိရသည်။ ကွန်ဂရက်လွှတ်တော်သို့ နှစ်စဉ် နိုင်ငံတော်အခြေပြ မိန့်ခွန်းပြောကြားစဉ်တွင် သမ္မတ အဘင်နာဒါက ယခုနှစ်အတွင်း သတ္တုသိုက်များကို အကဲဖြတ်ခြင်း အပြီးသတ်ရန်နှင့် နောက်နှစ်အစောပိုင်းတွင် သိုက်ပမာဏကို အတည်ပြုလက်မှတ်ထုတ်ပေးရန် ရည်မှန်းထားကြောင်း ပြောကြားခဲ့ပြီး ထိုအဆင့်သည် အကြီးစား တူးဖော် ထုတ် လုပ်ခြင်းနှင့် သန့်စင်ထုတ်လုပ်ခြင်းများ ဆောင်ရွက်ရန် မရှိမဖြစ် လိုအပ်သည့် အဆင့်ဖြစ်သည်။ တန်ချိန် သန်း ၁၅၀ အနက် မည်မျှ စီးပွားဖြစ် ထုတ်လုပ်နိုင်သည်ဆိုသည်ကို ရှင်းရှင်းလင်း လင်း မသိရသေးပေ။သမ္မတက ထိုသိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကို စွမ်းအင်ကူးပြောင်းရေးနှင့် “သဘာဝအရင်းအမြစ်များကို တာဝန်ယူအသုံးချခြင်း” ဟုခေါ်သော ကျယ်ပြန့်သည့် မဟာဗျူဟာတစ်ခုနှင့် ဆက်စပ်ဖော်ပြခဲ့ပြီး၊ ၎င်းက ဒိုမီနီ ကန်၏ အချုပ်အခြာအာဏာကို အားကောင်းစေခြင်း၊ ပြင်ပမှီခိုအားထားမှုကို လျှော့ချခြင်း၊ကာဗွန် ထုတ်လွှတ်မှု လျှော့ချခြင်းနှင့် ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။အမေရိကန်ပြည်ထောင်စုသည် နယ်စပ်တွင်ရှိသည့် ပီဒါနယ်လ် ပြည်နယ်တွင် တည်ရှိသော ဒိုမီနီကန်သိုက်များကို ပြင်းထန်စွာ စိတ်ဝင်စားကြောင်း အချက်ပြခဲ့သည်။အမေရိကန် နိုင်ငံခြားရေးဝန်ကြီးမာကို ရူဘီယိုက ကမ္ဘာကြီးအနေဖြင့် ယခုရာစုအတွင်း အဓိကနည်း ပညာများ ဖွံ့ဖြိုးတိုးတက်စေရန် အဆိုပါအရင်းအမြစ်များကို အသုံးချနိုင်ရန် လိုအပ်မည်ဖြစ် ကြောင်း ပြောကြားခဲ့ပြီး၊ ရှားပါးမြေသတ္တုများသည် “ဒိုမီနီကန်နိုင်ငံနှင့် ၎င်း၏ ပြည်သူများ၏ ပိုင် ဆိုင်မှုဖြစ်သည်” ဟု ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက အလေးထားပြောကြားခဲ့ပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိတ်ဖက်အဖြစ် အမေရိကန်၏ ပံ့ပိုး ကူညီမှုကို ကမ်းလှမ်းခဲ့သည်။


news-view-count-icon

16