ဖေဖော်ဝါရီလ ၂၈ ရက်က အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ လေကြောင်းတို-က်ခို-က်မှုတွေအတွင်း အီရန်ရဲ့ အမြင့်ဆုံးခေါင်းဆောင် အာယာတိုလာ အလီ ခါမေနီ ေ-သဆုံးသွားခဲ့ပါတယ်။ ဒီဖြစ်စဉ်ကို အတည်ပြုပြီးတာနဲ့ တစ်ပြိုင်နက် အီရန်အစိုးရပိုင်းက ပြင်းပြင်းထန်ထန် လက်စားချေသွားမယ်လို့ ချက်ချင်းပဲ ကတိပြု ကြေညာလိုက်ပါတယ်။အီရန် အစ္စလာမ္မစ် သမ္မတနိုင်ငံ သမိုင်းတစ်လျှောက် အပြင်းထန်ဆုံး ထိုးစ-စ်ဆင်မှုကြီးကို အချိန်မရွေး စတင်တော့မယ်လို့ အီရန်ရဲ့ အထက်တန်း တော်လှန်ရေး အစောင့်တပ်က အမေရိကန်နဲ့ အစ္စရေးကို ရည်ရွယ်ပြီး ခြိမ်းခြောက်လိုက်ပါတယ်။ သိမ်းပိုက်ခံ နယ်မြေတွေနဲ့ ဒူဘိုင်း အပါအဝင် အရှေ့အလယ်ပိုင်းက အမေရိကန် အကြမ်းဖက်သမားတွေရဲ့ စခန်းတွေဆီကို ကျွန်တော်တို့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အပြင်းထန်ဆုံး ထိုးစ-စ်တွေ မကြာခင် စတင်တော့မှာပါလို့ အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ် ( IRGC) က သတိပေးထားပါတယ်။အီရန်အစိုးရကလည်း ဒီလောက် ကြီးမားတဲ့ ရာဇဝတ်မှုကို ဒီအတိုင်း ကြည့်နေမှာ မဟုတ်ဘဲ အစ္စလာမ် ကမ္ဘာ့သမိုင်းမှာ စာမျက်နှာသစ် တစ်ခု ဖွင့်လှစ်ပြသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် အီရန်ရဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး မဟာဗျူဟာတွေကို ကိုင်တွယ်တဲ့ သြဇာကြီးမားတဲ့ အမျိုးသား လုံခြုံရေး ကောင်စီ (SNSC) ကလည်း ဒီတို-က်ခို-က်မှုဟာ ကမ္ဘာ့ ဖိနှိပ်သူတွေကို ဆန့်ကျင်တို-က်ခို-က်မယ့် အုံကြွမှုကြီး တစ်ခုကို စတင်စေလိမ့်မယ်လို့ ဆိုပါတယ်။အခုလို အခြေအနေတွေကြောင့် အီရန်နဲ့ သူ့ရဲ့ မဟာမိတ်တွေဟာ ပိုပြီး ကြံ့ကြံ့ခံနိုင်စွမ်း ရှိလာသလို ပိုပြီး ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်လာဖို့ပဲ ရှိတယ်လို့ SNSC က အခိုင်အမာ ပြောကြားခဲ့ပါတယ်။



