မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းသည် ကိုရီးယားအလုပ်သမားပါတီ ထိပ်တန်း တာဝန်ရှိသူများနှင့် လက်နက်ကိုင်တပ်များမှ အဆင့်မြင့်အရာရှိများကို အားကိုးယုံကြည်မှု အထိမ်းအမှတ်အဖြစ် စနိုက်ပါရိုင်ဖယ်သစ်များကိုလက်ဆောင်ပေးအပ်ခဲ့ကြောင်း နိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနကဖေဖော်ဝါရီ၂၇ရက်တွင် သတင်းထုတ်ပြန်ထားသည်။ကိုရီးယားအလုပ်သမားပါတီ ဌာနချုပ်အဆောင်အအုံ၌ ပါတီထိပ်တန်းတာဝန်ရှိသူများ၊ လက်နက်က်ိုင်တပ်ဖွဲ့ အဆင့်မြင့်အရာရှိများနှင့် ဖေဖော်ဝါရီ၂၆ ရက်တွင် တွေ့ဆုံစဉ် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက စနိုက်ပါရိုင်ဖယ်သစ်များ လက်ဆောင်အဖြစ်ပေးအပ်ခဲ့ခြင်းဖြစ်သည်။မြောက်ကိုရီးယား ကာကွယ်ရေးသိပ္ပံ အကယ်ဒမီက ထုတ်လုပ်ထားသောအဆိုပါ မျိုးဆက်သစ်စနိုက်ပါ ရိုင်ဖယ်သစ်များသည် ထူးခြားသောလက်နက်သစ်များဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းက ပြောကြားခဲ့သည်။ကိုရီးယားအလုပ်သမားပါတီ န၀မအကြိမ်ပါတီညီလာခံ ပြီးဆုံးချိန်တွင်ပါတီထိပ်တန်း ခေါင်းဆောင်များနှင့် စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိများ ကိုစနိုက်ပါ ရိုင်ဖယ်သစ်များအား လက်ဆောင်အဖြစ် ကင်ဂျုံအန်းက ပေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ရိုင်ဖယ်အမျိုးအစားအား ကင်ဂျုံအန်း၏ သမီးဖြစ်သူ ဂျူအေးကိုင်တွယ်ပစ်ခတ် ပုံကိုလည်း ကေစီအင်န်အေ က ထုတ်ပြန်ထားသည်။



