တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ Gangbuk ခရိုင်ရှိ မိုတယ်များတွင် အမျိုးသားများကို အရက်ထဲ၌ အိပ်ဆေးများရောစပ်တိုက်ကျွေးကာ လူသတ်မှုကျူးလွန်ခဲ့သည့် အသက် ၂၂ နှစ်အရွယ် အမျိုးသမီး ကင်မ်အား အာဏာပိုင်များက လူသတ်မှုဖြင့် စွဲချက်တင်လိုက်သည်။ ၎င်းအမျိုးသမီးသည် ChatGPT AI ကိုအသုံးပြု၍ အိပ်ဆေးနှင့် အရက်ရောစပ်ပါက လူကိုသေစေနိုင်ခြင်း ရှိ၊ မရှိနှင့် လိုအပ်သည့် ဆေးပမာဏတို့ကို အကြိမ်ကြိမ် မေးမြန်းလေ့လာခဲ့သည့် ဒစ်ဂျစ်တယ်ခြေရာလက်ရာများကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဆေးခတ်မှုများကြောင့် အမျိုးသား ၂ ဦး သေဆုံးကာ ၁ ဦး သတိလစ်မေ့မြောခဲ့ပြီး၊ ယင်းအထောက်အထားများကြောင့် တရားခံသည် လူသေစေရန် ရည်ရွယ်ချက်ရှိရှိ ကြိုတင်ကြံစည်ခဲ့ခြင်းဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
တောင်ကိုရီးယားတွင် ChatGPT ကိုအသုံးပြု၍ လူသတ်ရန် ကြံစည်ခဲ့သည့် အမျိုးသမီးကို လူသတ်မှုဖြင့် တရားစွဲဆို
Mar 01 • 2:59 AM
South Korea
Local News
Share
| 13 | 0 | 0 | 0 |


