မနှစ်တုန်းက ပရီးမီးယားလိဂ်ကလပ်တွေဖြစ်ကြတဲ့ တော့တင်ဟမ်ဟော့စပါးနဲ့ မန်ချက်စတာယူနိုက်တက်တို့ ယူရိုပါလိဂ်ဖိုင်နယ်မှာ ဆုံတွေ့ခဲ့ကြပေမယ့် ဒီနှစ်မှာတော့ All-English Final ကို မြင်တွေ့ရတော့မှာမဟုတ်ပါဘူး ။ ဘာကြောင့်လဲဆိုတော့ မနေ့ကပြုလုပ်ခဲ့တဲ့ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ရွေးချယ်မှုမှာ နော်တင်ဟမ်ဖောရက်စ်နဲ့ အက်စတွန်ဗီလာအသင်းတွေဟာ ဗိုလ်လုပွဲသွားရာလမ်းကြောင်းတဘက်တည်းမှာ ကျရောက်ခဲ့ကြပြီး ဆီမီးဖိုင်နယ်အဆင့်မှာတင် ဆုံတွေ့ကြတော့မှာဖြစ်တာကြောင့်ပါပဲ ။ အက်စတွန်ဗီလာ ၊ လိုင်လီ ၊ ရိုးမား ၊ ဘိုလော့ညာ ၊ နော်တင်ဟမ်ရောက်စ် ၊ စတုဂတ် နဲ့ ပေါ်တိုတို့လို အသင်းကောင်းတွေက တဘက်တည်းမှာရှိနေခဲ့ပြီး လီယွန်အသင်းဟာ ချန်ပီယံလိဂ်က အာဆင်နယ်လိုပဲ ဗိုလ်လုပွဲရောက်ဖို့ အလားအလာများနေပြီလို့ သုံးသပ်ပြောဆိုလာကြပါတယ် ။



