back

တနင်္သာရီတိုင်း၊ထားဝယ်မြို့ရှိ ပွဲရုံလုပ်ငန်းအချို့ ဒေသထွက်ကုန်အဝင်နည်းသဖြင့် လည်ပတ်ရန်ခက်ခဲ

Mar 01 • 2:35 AM

breaking-news

Myanmar

Tanintharyi

cover

တနင်္သာရီတိုင်း၊ထားဝယ်မြို့ရှိ ပွဲရုံလုပ်ငန်းအချို့ ဒေသထွက်ကုန်အဝင်နည်းသဖြင့် လည်ပတ်ရန်ခက်ခဲ

တနင်္သာရီတိုင်း၌ နယ်မြေမတည်ငြိမ်များကြောင့်လမ်းပိတ်ဆို့ကာ ယခုလအတွင်း ဒေသထွက်ကုန်များ အဝင်နည်းသဖြင့် ထားဝယ်မြို့ရှိ ပွဲရုံလုပ်ငန်းအချို့ လုပ်ငန်းလည်ပတ်ရန် အခက်အခ...

တနင်္သာရီတိုင်း၌ နယ်မြေမတည်ငြိမ်များကြောင့်လမ်းပိတ်ဆို့ကာ ယခုလအတွင်း ဒေသထွက်ကုန်များ အဝင်နည်းသဖြင့် ထားဝယ်မြို့ရှိ ပွဲရုံလုပ်ငန်းအချို့ လုပ်ငန်းလည်ပတ်ရန် အခက်အခဲကြုံတွေ့နေရကြောင်း ပွဲရုံလုပ်ငန်းရှင်အသိုင်းအဝိုင်းထံမှ စုံစမ်းသိရသည်။ဖေဖော်ဝါရီ ပထမအပတ်ကစပြီး မြိတ်-ထားဝယ်လမ်းပိုင်းတွင် ကုန်းလမ်းများ ပိတ်ဆို့ကာ ကုန်စည်စီးဆင်းမှုပြတ်တောက်နေကြောင်း ၎င်းတို့က ပြောသည်။ ထို့ကြောင့် ထားဝယ်မြို့ရှိ ရော်ဘာ၊ ကွမ်းသီး၊ သီဟိုဠ်စေ့ ပွဲရုံလုပ်ငန်းရှင်များ လုပ်ငန်းလည်ပတ်ရန် အခက်တွေ့နေခြင်း ဖြစ်ကြောင်း ထားဝယ်မြို့ရှိ ပွဲရုံလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ယင်းအပြင် ရော်ဘာလုပ်ငန်းလုပ်သူအချို့မှာလည်း ပို့ဆောင်ရေးအခက်အခဲကြုံနေကြရပြီး ယခုဖေဖော်ဝါရီ ပထမအပတ်က ထားဝယ်မြို့မှ မြိတ်မြို့သို့ ရော်ဘာ ကုန်များ သွားရောက်ပို့ဆောင်သည် ကုန်တင်ယာဉ်များလည်း ပိတ်မိနေကြကြောင်း စုံစမ်းသိရသည်။

news-view-count-icon

19