back

တမူးနယ်မှာ ကိုယ်လက်အင်္ဂါ မပြည့်စုံတော့တဲ့ လူသေအလောင်းတလောင်းတွေ့ရှိ

Feb 28 • 3:02 PM

breaking-news

Myanmar

Sagaing

cover

တမူးနယ်မှာ ကိုယ်လက်အင်္ဂါ မပြည့်စုံတော့တဲ့ လူသေအလောင်းတလောင်းတွေ့ရှိ

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ ကိုယ်လက်အင်္ဂါ မပြည့်စုံတော့တဲ့ အလောင်းတလောင်းတွေ့ရှိတယ်လို့ ဒေသခံများထံက သိရပါတယ်။အဆိုပါ ကိုယ်လက်အင်္ဂါ မပြည့်စုံတော့တဲ့ အလောင...

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ ကိုယ်လက်အင်္ဂါ မပြည့်စုံတော့တဲ့ အလောင်းတလောင်းတွေ့ရှိတယ်လို့ ဒေသခံများထံက သိရပါတယ်။အဆိုပါ ကိုယ်လက်အင်္ဂါ မပြည့်စုံတော့တဲ့ အလောင်းတလောင်းကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့လောက်က တမူးမြို့နယ်အထက်ဘက် ကွန်းတောင်းအုပ်စု၊ ချောင်းညီနောင် လယ်ကွင်း တနေရာမှာ ခေါင်းပြတ်၊ ခြေပြတ်၊ လက်ပြတ်အလောင်း တလောင်းတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။အခုလို ခေါင်းပြတ်၊ ခြေပြတ်၊ လက်ပြတ်တဲ့ အလောင်းကို အမည်မသိအဖွဲ့တဖွဲ့က တနေရာမှာသတ်ဖျတ်ပြီး အဲဒီချောင်းညီနောင်လယ်ကွင်းမှာ သွားရောက်ပစ်ချထားတာဖြစ်နိုင်တယ်လို့ ဒေသခံများက ပြောဆို နေကြပါတယ်။




news-view-count-icon

20