၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၆ ရက်မှစကာ ယင်း နေရာများအား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ခြင်းမရှိ၍ လျှပ်စစ်ဓာတ်အားအမြန်ဆုံးပြန်လည်ဖြန့်ဖြူးပေးနိုင်ရန် တိုင်းအစိုးရအဖွဲ့၏ ကြီးကြပ်မှု၊ လုံခြုံရေးအဖွဲ့များ၏အကူအညီပေးမှုနှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ခရိုင်/ မြို့နယ်ရှိ ဝန်ထမ်းများမှ ပြင်ဆင်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။မတ္တရာမြို့နယ်သို့ အဓိကဓာတ်အားဖြန့်ဖြူးပေးထားသော ၃၃ ကေဗွီ ဒင်္ဂါးချောင်း(၁)ဓာတ်အားလိုင်းပြုပြင်တည်ဆောက်ခြင်း၊ မတ္တရာမြို့ပေါ်ရှိ (5+10) MVA မြို့မခွဲရုံပျ-က်စီးမှုများကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၁၁ နာရီ ၄၇ မိနစ်၌ ပြန်လည်တည်ဆောက်ပြုပြင်ပြီးစီးခဲ့ကြောင်း သိရသည်။ထို့ကြောင့် မတ္တရာမြို့ပေါ်ရှိ အရေးကြီးနေရာများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ပြည်သူ့ဆေးရုံ၊ ဘုန်းကြီးကျောင်းများနှင့် လမ်းမီးများကို ပထမအဆင့်အနေဖြင့် လျှပ်စစ်ဓာတ်အားပို့လွှတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။ထို့ပြင် မတ္တရာမြို့ပေါ်နေထိုင်သူများနှင့် ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေး၊ လုံခြုံရေးကောင်းမွန်သည့် ကျေးရွာများ လျှပ်စစ်ဓာတ်အားပြန်လည်တိုးချဲ့ဖြန့် ဖြူးပေးနိုင်ရေးတို့အတွက်လည်း ပြုပြင်ဆောင်ရွက်မှုများဆက်လက်ဆောင်ရွက်၍ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။



