back

လှည်းကူးမြို့နယ်မှာ မြန်မာငွေငါးသောင်းတောင်းတာမပေးတဲ့အလုပ်ရှင်ကို မီးရှို့thatလိုက်တဲ့ အလုပ်သမား

Feb 28 • 2:52 PM

breaking-news

Myanmar

Yangon

cover

လှည်းကူးမြို့နယ်မှာ မြန်မာငွေငါးသောင်းတောင်းတာမပေးတဲ့အလုပ်ရှင်ကို မီးရှို့thatလိုက်တဲ့ အလုပ်သမား

သင်္ဂဟလမ်း၊ ဈေးကြီးရပ်ကွက်၊ လှည်းကူးမြို့နယ်နေ. ဦးစိုးထွန်းဦး(၅၀)နှစ်၊ ပုလင်းအခွံရောင်းဝယ်ရေး ကုန်သည်လမ်း၊ ဈေးကြီးရပ်ကွက်၊ လှည်းကူး မြို့နေထိုင်သူနဲ့ ၎င်း၏ အလုပ...

သင်္ဂဟလမ်း၊ ဈေးကြီးရပ်ကွက်၊ လှည်းကူးမြို့နယ်နေ. ဦးစိုးထွန်းဦး(၅၀)နှစ်၊ ပုလင်းအခွံရောင်းဝယ်ရေး ကုန်သည်လမ်း၊ ဈေးကြီးရပ်ကွက်၊ လှည်းကူး မြို့နေထိုင်သူနဲ့ ၎င်း၏ အလုပ်သမားဖြစ်သူ ရဲထွန်းမင်း(၂၆)နှစ်တို့သည် တစ်ယောက်တစ်ခွန်းစကားများကြရာမှ ရဲထွန်းမင်း သည် ဦးစိုးထွန်းဦး အား ဓါတ်ဆီဖြင့်ပက် မီးရှို့လိုက်သဖြင့် ခန္ဓာကိုယ်မှာ မီးလောင်ဒဏ်ရာ များရရှိခဲ့ပြီး၊ ရန်ကုန်ပြည်သူ့ဆေးရုံးကြီးတွင် ရရှိထားသောဒဏ်ရာဖြင့် ဇန်နဝါရီလ ၉ ရက်နေ့တွင်tayဆုံးသွားခဲ့သည် ဟု မော်လမြိုင် ရဲတပ်ဖွဲ့သတင်းထုတ်ပြန်ချက်အရ သိရသည်။Tayဆုံးသူ ဦးစိုးထွန်းဦး ထံတွင် တစ်ရက်ကိုနှစ်သောင်းကျပ်နဲ့ အလုပ်လာလုပ်ခဲ့ပေမယ့် ဦးစိုးထွန်းဦး က တစ်သောင်းကျပ်ထဲ ပေးခဲ့သည်ဟု သိရပါသည်။ ကျန်တစ်သောင်းကျပ်ကို ဦးစိုးထွန်းဦး က စုပေးထားမည်ဟုဆိုကာ မပေးပဲချန်ထားကြောင်း၊ ထိုအချိန်အထိ ဦးစိုးထွန်းဦး ထံတွင်ကျူးလွန်သူ ရဲထွန်းမင်း ၏စုထားငွေ (၁၅၀၀၀၀)ကျပ်အထိရှိနေကြောင်း၊ အခင်းမဖြစ်မှီ ရက်ပိုင်းက ရဲထွန်းမင်း က ငွေကြေးအခက်အခဲရှိသဖြင့် ၎င်း၏စုထားငွေ (၁၅၀၀၀၀) ထဲက ငွေ (၅၀၀၀၀) ခန့်တောင်းခဲ့ရာ ဦးစိုးထွန်းဦး ကမပေးပဲနေခဲ့သည်ဟု သိရသည်။ငွေလိုအပ်သဖြင့် ဦးစိုးထွန်းဦး ၏ ဇနီးဖြစ်သူထံ တောင်းခဲ့သော်လည်းမရခဲ့ဟု သိပါသည်။ ဦးစိုးထွန်းဦး ၏သမီးဖြစ်သူထံ တောင်းခဲ့ရာတွင်လည်း ပါပါးမော်လမြိုင်သွားနေလို့ မော်လမြိုင်က ပြန်လာမှလာရောက်တောင်းယူရန် ပြောဆိုခဲ့သည်ဟု သိရပါသည်။ ဦးစိုးထွန်းဦး မော်လမြိုင်ပြန်ရောက်လာတဲ့အခါ ထပ်တောင်းခဲ့ရာ အလုပ်အကိုင်မကောင်းလို့ စိတ်ညစ်နေတာ မင်းကလာတောင်းနေတယ်။ မင်းကိုဖမ်းချုပ်ခိုင်းလိုက်ရမလား ဟုဆိုကာ ထိုးကြိတ်ခဲ့သဖြင့် စိတ်ဆိုးဒေါသထွက်ပြီး အခင်းဖြစ် ၆ ရက်နေ့က ဓာတ်ဆီဝယ်ပြီး ဖူဂျီဘူးနှင့်ထည့်ကာ အုတ်တံတိုင်းကျော်တက်ပြီး ဦးစိုးထွန်းဦး အရက်သောက်ပြီး မူးနေချိန်အနောက်ကနေ #-ဓာ-တ်-ဆီ-လော-င်း-ချ-ပြီး -မီး-ရှို့-ကာ ထွက်ပြေးခဲ့သည်ဟု သိရသည်။ရဲထွန်းမင်းကထွက်ပြေးစဥ် ငွေကြေးအခက်ခဲ့အရ ဦးစိုးထွန်းဦး ၏ဟန်းဖုန်းကို ယူသွားခဲ့ပြီး အသိဖြစ်သူထံရောင်းချရန်သွားရာ Passwords မသိသောကြောင့်ဖွင့်မရလို့ဝယ်သူက တစ်နေရာရာကခိုးယူလာသည်ထင်ပြီးမဝယ်ရဲတာနှင့် ဂျီပီအက်ကြောင့် မိမှာစိုးသဖြင့် ဖုန်းဓာတ်ခဲ ထုတ်လိုက်ရာမှ ဖုန်းကပိတ်သွားသဖြင့် မော်လမြိုင်သို့ တိမ်းရှောင်ရန် ရန်ကုန်ဘူတာကြီးတွင် တစ်ညတာအိပ်ဆက်ခဲ့ပြီး ဦးလေးဖြစ်သူထံမှ လမ်းစရိတ်တောင်းခံကာ မီးရထားနှင့် မော်လမြိုင်မြို့ သို့တိမ်းရှောင်ခဲ့စဉ် ဖမ်းဆီးခံရသည်ဟု သိရသည်။




news-view-count-icon

21