ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလထဲမှာ ဖြစ်ပွားခဲ့တဲ့ ဆရာဝန်တယောက်ကို တခြားဆရာဝန်တယောက်နဲ့ တပည့်ဖြစ်သူက ပြန်ပေးဆွဲ ပြီး ကျပ်သိန်း ၃၀၀၀ တောင်းပြီး လူသတ်မှုကျူးလွန်ခဲ့သူ နှစ်ယောက်ကို တရားရုံးက ေ-သဒဏ်ကျခံစေ (မTayမချင်း လည်ပ-င်းကြို-းကွင်းစွပ်သ-တ်စေ) ဖို့ မဟာအောင်မြေခရိုင်တရားရုံးက အမိန့်ချလိုက်တယ်လို့ သိရပါတယ်။ကျူးလွန်သူ တရားခံအောင်ဇင်ဖြိုး အပေါ် ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁)(ဂ)/၃၄ပြစ်မှုထင်ရှားတာကြောင့် Tayဒဏ်ကျခံစေ (မTayမချင်း လည်ပ-င်းကြို-းကွင်းစွပ်သ-တ်စေ)၊ ပုဒ်မ ၃၈၆၃၄ အရ ပြစ်မှုထင်ရှားသဖြင့် အလုပ်နှင့်ထောင်ဒဏ်(၁၀)နှစ်(တစ်ဆယ်)နှစ်ကျခံစေ။ ပြစ်ဒဏ်များအား တစ်ပြိုင်တည်း ကျခံစေ ဆိုတဲ့ အမိန့်ကို တရားရုံးက ချမှတ်ခဲ့ပါတယ်။နောက်ထပ်ကျူးလွန်သူတဦးဖြစ်တဲ့ တရားခံလွမ်းဇင်အောင် (ခ)မိုးဒီ အပေါ် ရာဇသတ်ကြီးပုဒ်မ၃၀၂(၁)(ဂ)/၃၄ အရ ပြစ်မှုထင်ရှားသဖြင့် Tayဒဏ်ကျခံစေ (မTayမချင်း လည်ပ-င်းကြို-းကွင်းစွပ်သတ်စေ)။ ယင်းပုဒ်မ ၃၈၆/၃၄ အရ ပြစ်မှုထင်ရှားသဖြင့် အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ် (တစ်ဆယ်)နှစ် ကျခံစေ။ ပြစ်ဒဏ်များအား တစ်ပြိုင်တည်းကျခံစေဖို့အပြင် (၂၀-၁၂-၂၀၂၄)မှ (၂၀-၆-၂၀၂၅) ရက်နေ့ထိ တရားခံများ၏ ချုပ်ရက်များအား ပြစ်ဒဏ်မှ ထုတ်နုတ် ခံစားစေဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။သက်သေခံအဖြစ်သိမ်းဆည်းထားတဲ့ ငွေကျပ် (၂၇၅,၇၀၆ ,၈၀ဝိ/)အားလည်းကောင်း၊ ၀၉-၂၅၅၈၀၃၆၄၄ ဆင်းကတ်ပါ Redmi, အမျိုးအစား ငွေရောင်ဖုန်း(၁)လုံး၊ ဆင်းကတ်ပါ Redmi အမျိုးအစားအနက်ရောင်ဖုန်း(၁)လုံး၊ ၀၉-၂၀၂၁၇၆၉ ဆင်းကတ်ထည့်ထားသည့် Samsung အမျိုးအစား အဖြူရောင် ခေါက်ဖုန်း (၁)လုံး အားလည်းကောင်း၊ MDY- 13 2L/2843 နံပါတ်ပါ Honda Inside အမျိုးအစား ခဲရောင်မော်တော်ယာဉ်(၁)စီးအားလည်းကောင်း၊ MDY-15 6J/1998 နံပါတ်ပါ Honda Fit အမျိုးအစား အနက်ရောင် မော်တော် ယာဉ်(၁)စီးအားလည်းကောင်း၊အမျိုးအစား နာရီ(၁)လုံးအားလည်းကောင်း ၊ အယူခံ၊ ပြင်ဆင်ရက်ကျော်က တရားလို Swatch ဦးအောင်ကျော်စိုးထံ ထုတ်ပေးစေဖို့လည်း အမိန့်ချမှတ်ခဲ့ပါတယ်။



