ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ပြည်နယ် အားကစားကွင်းကို နိုင်ငံတကားအဆင့်မီ အားက စားကွင်း၊ ရေကူးကန်၊ လူငယ်ရေးရာစင်တာ ဆောက်လုပ်ရန် အတွက် ဘေးပတ်လည်ဆိုင်ခန်းနှင့်လူနေတိုက်ခန်းများဖယ်ရှားရန် လုပ်ဆောင်နေခဲ့သည်။ဖေဖော်ဝါရီလ (၂၈)ရက် အပြီးပြောင်းရွှေ့ရန် ညွန်ကြားချက်ကို ဘောလုံးကွင်း ပတ်လည်နေထိုင်သူများ အခက်ခဲအဆင်မပြေမှုများ ရှိ၍ စာသင်ပြ တောင်းဆိုခဲ့ကြပြီး မတ်လထဲ ပြန်လည်ရွေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။ပြည်နယ်အစိုး၏ မတ်လ(၂၀)ရက် နောက်ဆုံးထားရွေ့ပြောင်းရန် ညွှန်ကြားစာတွင် သတ်မှတ်ရက်အတွင်း ဖယ်ရှားခြင်း မရှိပါက (၁၉၉၅)ခုနှစ် အစိုးရ အိမ်ဥပဒေ(နှင်ထုတ်ခြင်း)အက်ဥပဒေအရ ဖယ်ရှားသွားမည် ဖြစ်ကြောင်း တွေ့ရသည်။ထိုဘောလုံးကွင်းမှ ဆိုင်ခန်းနှင့် လူနေတိုက်ခန်းများကို မီးပုံးပျံကွင်းနား၊ ညိုမီးရပ် ကားကြီးဝင်းနှင့် အေးသာယာမြို့မင်းကျန်စစ်အိမ်ရာများသို့ ပြောင်းရွှေ့ရမည်ဖြစ်ကြောင်း သိရသည်။



