back

အရှေ့အလယ်ပိုင်း စစ်မီးကြောင့် စင်ကာပူ SIA နှင့် Scoot လေကြောင်းလိုင်းအချို့ ခရီးစဉ်များ ဖျက်သိမ်း

Feb 28 • 12:59 PM

breaking-news

Singapore

Local News

cover

အရှေ့အလယ်ပိုင်း စစ်မီးကြောင့် စင်ကာပူ SIA နှင့် Scoot လေကြောင်းလိုင်းအချို့ ခရီးစဉ်များ ဖျက်သိမ်း

အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို စတင်တိုက်ခိုက်လိုက်တဲ့ သတင်းတွေထွက်ပေါ်လာပြီးနောက်၊ အရှေ့အလယ်ပိုင်းဒေသရဲ့ တင်းမာနေတဲ့ စစ်ရေးအခြေအနေကြောင့် စင်ကာပူလေကြောင်းလို...

အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို စတင်တိုက်ခိုက်လိုက်တဲ့ သတင်းတွေထွက်ပေါ်လာပြီးနောက်၊ အရှေ့အလယ်ပိုင်းဒေသရဲ့ တင်းမာနေတဲ့ စစ်ရေးအခြေအနေကြောင့် စင်ကာပူလေကြောင်းလိုင်း (SIA) နဲ့ Scoot တို့ဟာ ယနေ့ ဖေဖော်ဝါရီ ၂၈ ရက်မှာ ခရီးစဉ်အချို့ကို အရေးပေါ် ဖျက်သိမ်းလိုက်ပြီဖြစ်ပါတယ်။

ဖျက်သိမ်းလိုက်သည့် ခရီးစဉ်များ 


 * SIA လေကြောင်းလိုင်း:

  * SQ494 (Singapore-Dubai) နှင့် SQ495 (Dubai-Singapore) - (ဖေဖော်ဝါရီ ၂၈ နှင့် မတ်လ ၁ ရက် ခရီးစဉ်များ)

 

* Scoot လေကြောင်းလိုင်း:

  * TR596 (Singapore-Jeddah) နှင့် TR597 (Jeddah-Singapore) - (ဖေဖော်ဝါရီ ၂၈ ရက် ခရီးစဉ်များ)

ကမ္ဘာတစ်ဝန်း လေကြောင်းလိုင်းများ ရပ်နားမှု -


လက်ရှိမှာ အီရန်၊ အီရတ်၊ အစ္စရေး၊ ဆီးရီးယား၊ ကူဝိတ်နဲ့ ယူအေအီး (UAE) နိုင်ငံတွေဟာ သူတို့ရဲ့ လေပိုင်နက်တွေကို အစိတ်အပိုင်းလိုက် ပိတ်ထားပြီဖြစ်ပါတယ်။ 


Air France, Air India, Lufthansa နဲ့ တခြား နာမည်ကြီး လေကြောင်းလိုင်း အများအပြားကလည်း ခရီးစဉ်တွေကို အမြောက်အမြား ဖျက်သိမ်းနေကြပါတယ်။

ခရီးသည်များ သတိပြုရန် -

SIA အနေနဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး လိုအပ်သလို လမ်းကြောင်းတွေ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ ခရီးသည်များအနေနဲ့ -

 

* SIA သို့မဟုတ် Scoot Website ရှိ Manage Booking မှာ ကိုယ့်ရဲ့ ဖုန်းနံပါတ်နဲ့ Email တို့ကို Update လုပ်ထားပါ။

 

* လေကြောင်းလိုင်းရဲ့ Mobile Notification တွေကို Subscribe လုပ်ထားပြီး နောက်ဆုံးရသတင်းတွေကို စောင့်ကြည့်ပါ။



news-view-count-icon

8