မန္တလေးမြို့အခြေစိုက် တရုတ်နိုင်ငံကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) ရုံးခွဲ (မန္တလေး) တို့ ပူးပေါင်း၍ မြန်မာ-တရုတ် ချစ်ကြည်ရေးအထိမ်းအမှတ် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး ဓာတ်ပုံပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်ရာ ပထမဆုအတွက် ကျပ်သိန်း (၃၀)၊ ဒုတိယဆုအတွက် ကျပ်သိန်း (၂၀)၊ တတိယဆုအတွက် ၁၀ သိန်းကျပ်နှင့် နှစ်သိမ့်ဆု ၁၀ ဆုအတွက် တစ်ဆုလျှင် ၃ သိန်းကျပ် ချီးမြှင့်သွားမည်ဖြစ်သည်။ ပြိုင်ပွဲဝင်များအနေဖြင့် ချစ်ကြည်ရေးကို ထင်ဟပ်စေသောပုံများကို ၁၂ လက်မ x ၁၈ လက်မအရွယ်အစားဖြင့် တစ်ဦးလျှင် ၄ ပုံအထိ တင်သွင်းယှဉ်ပြိုင်နိုင်ပြီး၊ ဓာတ်ပုံများကို ဧပြီလ ၂၄ ရက်အတွင်း ချမ်းအေးသာစံမြို့နယ်ရှိ MCFA Mandalay Office သို့ ပေးပို့ရမည်ဖြစ်ကာ ဆုရရှိသည့်ဓာတ်ပုံများကို ရွေးချယ်ခြင်းနှင့် ပြသခြင်းတို့ကို ဧပြီလ ၂၆ ရက်မှစတင်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Feb 28 • 3:45 AM
Myanmar
Mandalay
Share
| 19 | 0 | 0 | 0 |


