မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ ကျောင်းတော်ကြီးရှိ စိန်ဖူးတော်တွင် ဌာပနာပြုလုပ်ရန်အတွက် သစ်တံခါးဆရာတော်ကြီးကို အမှူးထား၍ အလှူရှင်မိသားစုများက နဝရတ်ကိုးသွယ်စီခြယ်ထားသည့် မဟာမုနိပုံတော် ရွှေပြားချပ်များကို ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းတွင် လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။ လှူဒါန်းခဲ့သည့် ရွှေပြားချပ်တစ်ချပ်စီတွင် အလေးချိန် ၃ ကျပ်သားကျော်ရှိပြီး ဒေါ်ဧကဉာဏဒသဏီ မိသားစု၊ ကိုပြည့်မောင်+မစမိုင်းလ်မိသားစု၊ ဦးစောတင်ဝင်း+ဒေါ်နန်းမြင့်မြင့်ဝင်းမိသားစုနှင့် ဦးနိုင်မောင်ဇော်+ဒေါ်အေးအေးမြင့် မိသားစုတို့က စုပေါင်းလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့မှ သိရသည်။
Feb 28 • 3:39 AM
Myanmar
Mandalay
Share
| 17 | 0 | 0 | 0 |


