စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲပိုင်းက ကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများဆိုင်ရာ မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲကို ကျင်းပခဲ့သည်။ အစည်းအဝေးတွင် မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ကျန်းမာရေးဝန်ထမ်းများ၊ မိတ်ဖက်ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကာ ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မုံရွာမြို့တွင် ကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်း၊ တုံ့ပြန်ဆောင်ရွက်ခြင်း အသိပေးဆွေးနွေးသည့် အစည်း အဝေးကျင်းပ
Feb 28 • 3:36 AM
Myanmar
Sagaing
Share
| 25 | 0 | 0 | 0 |


