ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ စန္ဒာအေးလမ်းမကြီးရှိ လန်ဘားလေးရပ်ကွက် (၁) လမ်းတွင် ဖေဖော်ဝါရီ ၂၈ ရက်၊ နံနက် ၂ နာရီ ၁၇ မိနစ်ခန့်က လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ သတင်းရရှိသည်နှင့်တစ်ပြိုင်နက် ပုသိမ်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၄) စီး၊ ရေသယ်ယာဉ် (၂) စီးတို့ဖြင့် သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၃၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုအသေးစိတ်နှင့် ဆုံးရှုံးမှုတန်ဖိုးများကို ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Feb 28 • 2:58 AM
Myanmar
Ayeyarwady
Share
| 26 | 0 | 0 | 0 |


