back

ကစ်ချီ ယူ-၂၂ လူငယ်အသင်းရဲ့ ပွဲစဉ်မှာ သူရိန်ထွန်း ဝင်ကစားပြီး တစ်ဂိုးသွင်းယူ

Feb 28 • 1:29 AM

breaking-news

Myanmar

Local

breaking-news
cover

ကစ်ချီ ယူ-၂၂ လူငယ်အသင်းရဲ့ ပွဲစဉ်မှာ သူရိန်ထွန်း ဝင်ကစားပြီး တစ်ဂိုးသွင်းယူ

ဟောင်ကောင်နာမည်ကြီးကလပ် ကစ်ချီအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ သူရိန်ထွန်းဟာ တနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ကစ်ချီ ယူ-၂၂ လူငယ်အသင်းရဲ့ ပွဲစဉ်မှာ ဝင်ကစားပြီး တစ်ဂိုးသွင်းယူနိ...

ဟောင်ကောင်နာမည်ကြီးကလပ် ကစ်ချီအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ သူရိန်ထွန်းဟာ တနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ကစ်ချီ ယူ-၂၂ လူငယ်အသင်းရဲ့ ပွဲစဉ်မှာ ဝင်ကစားပြီး တစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ကစ်ချီ ယူ-၂၂ လူငယ်အသင်းဟာ Golik North District ယူ-၂၂ အသင်းနဲ့ လူငယ်လိဂ်ပွဲစဉ်ကစားခဲ့တာဖြစ်ပြီး ဒီပွဲမှာ ကစ်ချီအသင်း (၂-၁) ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် သူရိန်ထွန်းက အသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးသွင်းပေးခဲ့တာ ဖြစ်ပါတယ်။ကစားသမားသူရိန်ထွန်းဟာ ပေါ်တူဂီစတုတ္ထတန်းမှာ ကစားခဲ့ဖူးပြီး မြန်မာယူ-၂၂အသင်းနဲ့အတူ ဆီးဂိမ်းမှာလည်း ပါဝင်ကစားခဲ့ပါတယ်။


news-view-count-icon

18