back

ကွတ်ခိုင် နမ့်ဖတ်ကာတွင် ကိုရင်တစ်ပါး မပေါက်ကွဲသေးသည့်ဗုံးသီး ဆော့ကစားမိရာမှ ပေါက်ကွဲဒဏ်ရာရ

Feb 27 • 3:52 PM

breaking-news

Myanmar

Shan

cover

ကွတ်ခိုင် နမ့်ဖတ်ကာတွင် ကိုရင်တစ်ပါး မပေါက်ကွဲသေးသည့်ဗုံးသီး ဆော့ကစားမိရာမှ ပေါက်ကွဲဒဏ်ရာရ

(ဖေဖော်ဝါရီလ ၂၆ ရက်) နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာ သန္တိသုခကျောင်းဝင်းအတွင်း ကိုရင်တစ်ပါး ကောက်ရလာသည့် မပေါက်ကွဲသေးသော ဗုံးသီးက...

(ဖေဖော်ဝါရီလ ၂၆ ရက်) နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာ သန္တိသုခကျောင်းဝင်းအတွင်း ကိုရင်တစ်ပါး ကောက်ရလာသည့် မပေါက်ကွဲသေးသော ဗုံးသီးကို ဆော့ကစားမိရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ခြေထောက်တစ်ဖက် ပြတ်သွားကြောင်း မေတ္တာရှင် လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးကပြောသည်။ ထိုကိုရင်သည် အသက် (၁၁) နှစ်အရွယ် အရှင်စန္နောဘာသ (ခ) မောင်အိုက်ဆမ် ဖြစ်ပြီး ဗုံးပေါက်ကွဲမှုကြောင့် ခြေထောက်တစ်ဖက် ဖြတ်ထားရကြောင်း၊ လက်နှင့် မျက်နှာတွင်လည်း ထိခိုက်ဒဏ်ရာ ရရှိထားကာ လက်ရှိတွင် နမ့်ခမ်းပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။ 




news-view-count-icon

15