back

မြင်းမဒါန်းတောင်ကြိုးပြင်ကာကွယ်တော သတ်မှတ်

Feb 27 • 3:51 PM

breaking-news

Myanmar

Rakhine

cover

မြင်းမဒါန်းတောင်ကြိုးပြင်ကာကွယ်တော သတ်မှတ်

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသော သစ်တောဥပဒေပုဒ်မ (၆) ၊ ပုဒ်မခွဲ (င) အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို အသ...

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသော သစ်တောဥပဒေပုဒ်မ (၆) ၊ ပုဒ်မခွဲ (င) အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို အသုံးပြု၍ ရခိုင်ပြည်နယ် တောင်ကုတ်ခရိုင် တောင်ကုတ်မြို့နယ်အတွင်းရှိ ဧရိယာ ၇၂,၇၃၀ ဧကကို “မြင်းမဒါန်းတောင် ကြိုးပြင်ကာကွယ်တော” အဖြစ် သတ်မှတ်လိုက်ကြောင်း ကြေညာခဲ့သည်။ အမိန့်ကြော်ငြာစာအမှတ် (၉/၂၀၂၆) ဖြင့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်မှ စတင်၍ သတ်မှတ်ထားခြင်းဖြစ်သည်။အဆိုပါ နယ်မြေကို ကာကွယ်တောအဖြစ် သတ်မှတ်ခြင်းသည် ရေမြေထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး လုပ်ငန်းများအား အားဖြည့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သိရသည်။ မြင်းမဒါန်းတောင်ဒေသတွင် အမြဲစိမ်းတောနှင့် ရွက်ပြတ်ရောနှောတော အမျိုးအစားများ ပါဝင်ပြီး ပျဉ်းကတိုး၊ သင်္ကန်း၊ ကညင်၊ ကညောင်း၊ စံကားဝါ၊ သင်္ဂဒူ၊ တောင်ပိန္နဲ၊ တောင်သရက်၊ သပြေ စသည့် ဒေသခံသစ်မျိုးများ ပေါက်ရောက်လျက်ရှိပြီး ကရင်ဝါး၊ မဒေးဝါး၊ တရဂူဝါးအပါအဝင် ကြိမ်မျိုးစုံတို့လည်း တွေ့ရှိရသဖြင့် သစ်မျိုးစုံလင်မှု မြင့်မားသည့် ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ယခုကဲ့သို့ ကာကွယ်တောသတ်မှတ်ခြင်းသည် မြေဆီလွှာတိုက်စားမှု လျော့နည်းစေရန်၊ မြေအောက်ရေသိုလှောင်နိုင်စွမ်း တိုးတက်စေရန်နှင့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်နိုင်ရန် အထောက်အကူဖြစ်စေမည်ဟု ဆိုသည်။ 




news-view-count-icon

24