back

ထိုင်းတောင်ပိုင်းတွင် ညအချိန် အိမ်ထဲခိုးဝင်သော မြန်မာအမျိုးသားဖမ်းဆီးခံရ

Feb 27 • 3:34 PM

breaking-news

Thailand

Local News

cover

ထိုင်းတောင်ပိုင်းတွင် ညအချိန် အိမ်ထဲခိုးဝင်သော မြန်မာအမျိုးသားဖမ်းဆီးခံရ

ထိုင်းနိုင်ငံတောင်ပိုင်း၊ နခွန်စီထမရတ်ခရိုင်တွင် ညသန်းခေါင်အချိန် ခြံထဲကျော်ဝင်လာပြီး နောက်ဖေးမှတစ်ဆင့် အိမ်ထဲ ခိုးဝင်ခဲ့သော မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးကို ...

ထိုင်းနိုင်ငံတောင်ပိုင်း၊ နခွန်စီထမရတ်ခရိုင်တွင် ညသန်းခေါင်အချိန် ခြံထဲကျော်ဝင်လာပြီး နောက်ဖေးမှတစ်ဆင့် အိမ်ထဲ ခိုးဝင်ခဲ့သော မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဖေဖော်ဝါရီလ ၂၅ ရက် နံနက် ၁ နာရီခန့်က ခနုံမြို့တွင် မြန်မာအမျိုးသားတစ်ဦးသည် အတွင်းခံတစ်ထည်တည်းသာ ဝတ်ဆင်ပြီး လမ်းဖြတ်ကူး၍ ခြံထဲသို့ ကျော်တက်ကာ ထိုင်းနိုင်ငံသား၏ အိမ်ထဲသို့ ဝင်လာပီး အိမ်နောက်ဖေးက ခိုးဝင်လာခဲ့ကြောင်း CCTV မှတ်တမ်းအရ သိရသည်။ အိမ်နီးနားချင်းများက မြန်မာအမျိုးသားကို လိုက်လံရှာဖွေစဉ် ဖမ်းဆီးရမိခဲ့ပြီး မြန်မာအမျိုးသားမှာ အရက်မူးနေသည်ကို တွေ့ရှိရကြောင်း ဆိုသည်။ အသက် ၃၉ နှစ်အရွယ် အဆိုပါမြန်မာနိုင်ငံသားသည် အနီးရှိ စက်ရုံက အလုပ်သမားတစ်ဦးဖြစ်သည်။




news-view-count-icon

5