“အစည်းအဝေးကြီး နှစ်ရပ်” ဟု လူသိများသည့် တရုတ်နိုင်ငံ၏ နှစ်ပတ်လည် အစည်းအဝေးကြီးများဖြစ်သော ထိပ်တန်းဥပဒေပြုအဖွဲ့နှင့် နိုင်ငံရေးအတိုင်ပင်ခံအဖွဲ့အတွက် မီဒီယာစင်တာကို ပေကျင်းမြို့ရှိ မီဒီယာစင်တာဟိုတယ်တွင် ဖေဖော်ဝါရီ ၂၇ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ၁၄ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် စတုတ္ထအကြိမ် အစည်းအဝေးနှင့် ၁၄ ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်၏ အမျိုးသားကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးတို့ကို မတ် ၅ ရက်နှင့် မတ် ၄ ရက်တို့တွင် အသီးသီးဖွင့်လှစ်မည်ဖြစ်သည်။


