၂၀၂၅ ခုနှစ်အတွင်း YBS ယာဉ်မ တော်တဆမှု ၃မှု၊ ဒဏ်ရာရရှိသူ ၈၇ဦး ၊ သေဆုံးသူ၆ဦးအထိ သာရှိခဲ့ခြင်းကြောင့်YBS ယာဉ်မ တော်တဆမှု (၇၃)မှု၊ ဒဏ်ရာရရှိသူ (၁၄၁)ဦး၊ သေဆုံး(၃၆)ဦးရှိခဲ့သည့် ၂၀၂၄ခုနှစ်နှင့်နှိုင်းယှဥ်လျှင် သိသိသာသာလျော့ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)အနေဖြင့်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ဖွဲ့စည်းတာဝန်ပေးအပ်မှုဖြင့် YBS အများနှင့်သက်ဆိုင် သောကုမ္ပဏီ (၂၁)ခုအောက်တွင်ရှိသည့် ယာဉ်လိုင်းပေါင်း(၁၃၂)လိုင်း၊ ယာဉ်အစီး ရေ(၅၄၄၃)စီး၊ ယာဉ်မောင်းကြီးများ(၇၈၇၅)ဦးကို ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး နေ့စဉ်YBSယာဉ် ၃၆၀၀ စီးဝန်းကျင်ဖြင့် ခရီးသွားပြည်သူ(၁.၅)သန်းကို သယ်ယူပို့ဆောင်ပေးလျှက်ရှိကြောင်း သိရသည်။



