back

တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လှိုင်သာယာမြို့နယ်၌ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပြိုင်ပွဲ ကျင်းပမည်

Feb 27 • 7:24 AM

breaking-news

Myanmar

Yangon

cover

တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လှိုင်သာယာမြို့နယ်၌ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပြိုင်ပွဲ ကျင်းပမည်

(၆၄) ကြိမ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုရန်နှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ဘုရင့်နောင်ပန်...

(၆၄) ကြိမ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုရန်နှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ဘုရင့်နောင်ပန်းခြံ၌ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပြပွဲပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၈ ရက်မှ မတ်လ ၂ ရက်အထိ ၃ ရက်ကြာ ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲတွင် ဟင်းသီးဟင်းရွက် ၂၅ မျိုးနှင့် သစ်သီးဝလံ ၂၄ မျိုး၊ စုစုပေါင်း ၄၉ မျိုးအား အမျိုးအစားအလိုက် ဝင်ရောက်ယှဉ်ပြိုင်ရန် သတ်မှတ်ထားပြီး သန့်ရှင်းလတ်ဆတ်မှု၊ အရွယ်အစားညီညာမှုနှင့် ပိုးမွှားကင်းစင်မှု အပါအဝင် အမှတ်ပေးစံနှုန်း ၆ ချက်ဖြင့် စုစုပေါင်း အမှတ် ၁၀၀ ပေးကာ အကဲဖြတ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့သူများအသင်းမှ သိရသည်။

news-view-count-icon

23