ယခုရာသီ ဥရောပပြိုင်ပွဲများဖြစ်သည့် ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နှင့် ကွန်းဖရန့်လိဂ်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် အင်္ဂလန်ကလပ် (၉) သင်းစလုံး (၁၆) သင်းအဆင့်သို့ အသီးသီး တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။ ချန်ပီယံလိဂ်တွင် လီဗာပူးလ်၊ အာဆင်နယ်၊ မန်စီးတီး၊ ချယ်လ်ဆီး၊ နယူးကာဆယ်နှင့် စပါးတို့ (၁၆) သင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့သလို၊ ယူရိုပါလိဂ်တွင် အက်စတွန်ဗီလာနှင့် နော်တင်ဟမ်ဖောရက်စ်၊ ကွန်းဖရန့်လိဂ်တွင် ခရစ္စတယ်ပဲလေ့စ်တို့က ပြိုင်ဘက်များကို အနိုင်ယူကာ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲကြီး (၃) ခု၏ (၁၆) သင်းအဆင့် မဲခွဲပွဲများကို ယနေ့ မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲတွင် ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ဥရောပပြိုင်ပွဲ (၃) ခုစလုံးတွင် အင်္ဂလန်ကလပ် (၉) သင်းစလုံး (၁၆) သင်းအဆင့်သို့ စံချိန်တင် တက်ရောက်နိုင်ခဲ့
Feb 27 • 7:15 AM
Myanmar
International
Share
| 17 | 0 | 0 | 0 |


